(င)-ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားသော ဥပဒေကြမ်း မည်မျှရှိ၍ ကြန့်ကြာနေသော ဥပဒေကြမ်း အမည်များကို ထုတ်ပြန်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

(က) ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့  ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ ပေးပို့ထား သောဥပဒေကြမ်းများ မည်၍မည်မျှရှိပါသလဲ။ (ခ) ယင်းဥပဒေကြမ်းအနက် နှစ်နှင့်ချီ၍ ကြန့်ကြာ နေသော ဥပဒေကြမ်းအမည်များကို ထုတ်ပြန်ပေးရန် အစီအစဉ်ရှိပါသလား။ (ဂ) အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်း သိရှိလိုသည့်အတွက် မေးမြန်းပါသည်။