(ဆ)-မလှိုင်မြို့ သုတေသန စိုက်ပျိုးရေးခြံအား ဝါသုတေသနလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာမျိုးရင်းဖြစ်တဲ့ နိုင်ငံတကာမှာ နာမည်ရတဲ့ ပေါ်ဆန်းမွှေး(ရွှေဘိုပေါ်ဆန်း) ကဲ့သို့သော စပါးများအတွက် အထွက်တိုးရန် သုတေသနအစီအစဉ်ရှိ/ မရှိနှင့် မရှိပါက မည်သည့်အတွက်ဖြစ်သည်ကို သိလိုပါကြောင်း၊
ဒုတိယအနေနဲ့ကတော့ အညာဒေသအနေနဲ့ အထူးအားထားအသက်မွေးဝမ်းကျောင်းပြုရတဲ့ ဝါငွေချည်-၆ ဝါမှ အပ နှမ်း၊ ပဲအမျိုးမျိုးအထွက်တိုးမျိုးကောင်းမျိုးသန့်များ၊ နည်းပညာများ ရယူမှသာ လျှင် အခက်အခဲအမျိုးမျိုးအား တောင်သူယာသူများမှ ဖြေရှင်းနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှ တင်သွင်းနေသော စက်မှုကုန်ကြမ်းဝါများ သွင်းကုန်အစားထိုးအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်ပ ကိုပါ တင်ပို့နိုင်မည်ဖြစ်ပါတယ်။ ဒါကြောင့်ဝါငွေချည်-၆ ဝါမျိုးအပြင် မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ဝါများ၊ နှမ်း၊ ပဲ အမျိုးမျိုးအတွက် နည်းပညာနှင့် အထွက်တိုးမျိုးများ ရရှိရေးဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။
တတိယအနေနဲ့ကတော့ ၁၉၂၀ ခုနှစ်ကတည်းက တည်ထားခဲ့တဲ့ မလှိုင်မြို့ သုတေသန စိုက်ပျိုးရေးခြံ ဝါသုတေသနလုပ်ငန်းများကို ဆက်လက်ပြီးတော့ လုပ်ကိုင်ရန်အစီအစဉ်ရှိ/ မရှိ မေးမြန်းပါသည်။