(ဆ)-ကျိုင်းတုံ-မိုင်းခတ်လမ်းနှင့် မိုင်းယန်းလမ်းများ ပျက်စီးမှုနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျိုင်းတုံမြို့နဲ့ မိုင်းခတ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းသည် ၅၁ မိုင်ရှိပြီး မိုင်းခတ်မြို့မှ မိုင်းယန်းမြို့သို့ ဆက်သွယ်ထားသော ကားလမ်းဟာ ၂၂ မိုင် ကွာဝေးပါတယ်။ အားလုံး ၇၃ မိုင်ရှိပါ တယ်။ ၁၉၈၈ ခုနှစ်ကစပြီး မဟာဗျူဟာလမ်းသစ်ဖောက်လုပ်ပြီး ကျောက်ခင်းလာရာ ကျောက်ခင်း၍ မပြီးသေးသောလမ်း ၅ မိုင် ၃ ဖာလုံလောက်ကျန်ရှိသေးကြောင်းသိရှိရပါတယ်။ ယခုနှစ် နှစ်စပိုင်းက စပြီး ရှေ့ပြေးကားကြီးများ ၁၀ ဘီးကားကြီးများ အုပ်စုလိုက် နေ့စဉ်အစီး ၃၀ ခန့် သွားလာမှုကြောင့် မိုးတွင်းကာလတွင် ဒီလမ်းကြောင်းဟာ သွားလို့မရနိုင်တဲ့အထိ ဆိုးလာပါတယ်။ အချို့ပျက်တဲ့ နေရာသည် ၃ ပေနှင့် ၄ ပေခန့် နက်သောချိုင့်ကြီးများဖြစ်ပြီး မိုးရွာကအိုင်ကြီးများ ဖြစ်နေပါတယ်။ မိုးတွင်းကျိုင်းတုံသို့ သွားပါက ၅၁ မိုင်ခရီးကို တစ်ညအိပ်၊ နှစ်ညအိပ်နဲ့ ကျိုင်းတုံကို သွားရပါတယ်။
မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်နှစ်မြို့နယ်တွင် လူဦးရေ ၃ သိန်းကျော်ခန့်ရှိပါတယ်။ ပြီးတော့ ဝန်ထမ်းပေါင်းစုံ၊ တိုင်းရင်းသားရေးနဲ့ စစ်ဗျူဟာ အြခေချတစ်ခုရှိပြီး ခရိုင်မြို့ဖြစ်တဲ့ ကျိုင်းတုံမြို့ကို နေ့စဉ် သွားလာနေကြကြောင်း သိရှိရပါတယ်။ ဒေသခံပြည်သူများသည် ဆင်းရဲကြပါတယ်။ လမ်းအခြေအနေကြောင့် ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့် မှု၊ အရေးကြီးလူနာများရှိပါက ကျိုင်းတုံဆေးရုံသို့ပေးပို့တဲ့အချိန်တွင် အခက်အခဲများစွာတွေ့ရှိရပါ တယ်။ လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းကြောင့် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအတွက် အတော်ကလေး အခက်အခဲရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အခုလို ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာတဲ့အချိန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က လုပ်ဖော်ကိုင်ဖက်ဟောင်း အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနဲ့ တွေ့ဆုံ တိုင်း မေးလာတဲ့မေးခွန်းက မိုင်းခတ်၊ မိုင်းယန်းလမ်း ကောင်းပြီလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ကျွန်တော် မြဖေနိုင်ပါဘူးခင်ဗျား။ ကျွန်တော်ဆက်လက်ပြီး တင်ပြလိုတာက ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းဟာ အတက်အဆင်း ကြမ်းတမ်းမှုမရှိပါဘူး။ အနည်းငယ်သာရှိပါတယ်။ ဒါကြောင့် အတက်အဆင်းတွေကို ကတ္တရာ သို့မဟုတ် ကွန်ကရစ်ခင်းပေးနိုင်ပါက များစွာကောင်းလာ နိုင်ကြောင်းလည်း တင်ပြလိုပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ နံပါတ်(၁) ကျိုင်းတုံမြို့မှ မိုင်းခတ်မြို့နှင့် မိုင်းယန်းမြို့သို့ ဆက်သွယ်ထားသောလမ်း ၇၃ မိုင်ကို အဆင့်မြင့်လမ်း အဖြစ် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါတယ်။ မေးခွန်းနံပါတ်(၂) နိုင်ငံတော်မှ စီစဉ်ပေးမည့် လမ်းအစီအစဉ်ကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။