(ဃ)-ယာယီသက်သေခံ အဖြူရောင် ကိုင်ဆောင်ထားသည့် ပြည်သူများကို မည်သည့်အချိန်တွင် နိုင်ငံသား ၃ မျိုး ကို စီစဉ်ခွင့်ပြုသတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

မြန်မာနိုင်ငံမှာ ယာယီသက်သေခံ လက်မှတ်အဖြူရောင်ကတ် ကိုင်ဆောင် ထားတဲ့ ပြည်သူတွေများစွာရှိနေပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ၎င်းအဖြူရောင်ကတ်ကို ကိုင်ဆောင်ထားကြပါတယ်။ ၎င်းတို့အနေနဲ့ အဲဒီအဖြူရောင်ကတ် ကိုင်ဆောင်ပြီး ခရီးသွား၍မရခြင်း၊ ပညာရေး အခက်အခဲများ ရှိခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ နည်းပါးခြင်းကို တွေ့ကြုံနေရပါတယ်။ ဒါ့ကြောင့် ဒီအဖြူရောင်ကတ်ကိုင်ဆောင်ထားတဲ့ ပြည်သူတွေကို မည်သည့်အချိန်မျိုးမှာမှ နိုင်ငံသားကတ်ထုတ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။