(က)-မြို့ချောင်း ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန တစ်ခု ချထားပေးမည့် အစား တိုက်နယ်ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြို့ချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနတစ်ခုချထားပေးမည့်အစား တိုက်နယ်ဆေးရုံ တစ်တရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း အား ကျောက်တံခါးမဲဆန္ဒနယ်မှ ဒေါက်တာ ခင်မောင်ဆွေ မေးမြန်းရာတွင် ကျောက်တံခါးမြို့နယ် ဖဒိုဒေသ မြို့ချောင်းကျေးရွာတွင် ကျန်းမာရေးဌာန R.H.C တစ်ခု Section ကျရောက်ထားပြီး အဆောက်အဦ မရှိသေးရာ မြို့ချောင်းကျေးရွာ အနီးရှိ ကျန်းမာရေးဌာနကို အားထားပြုကြသည့်လူဦးရေစုစုပေါင်းမှာ ၅၂၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ ယင်းအနီးနားတဝိုက်ရှိကျေးရွာများနှင့် စီမံကိန်းလုပ်သားများ မှာလည်း ထို ကျန်းမာရေးဌာနကိုသာ အားကိုးနေရပါကြောင်း၊ ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင်လည်း မကြာခဏဆိုသလို အန္တရာယ် ကျရောက်မှုများဖြစ်ပေါ်နေရာ အမြန်လမ်းနှင့် အနီးဆုံးဖြစ်သော ဖဒိုတိုက်နယ် ဆေးရုံသည်လည်း ၇ မိုင် ၈ မိုင်ခန့် ကွာဝေး သောကြောင့် အချို့သောလူနာများမှာ မသေဆုံးသင့်ပဲ သေဆုံးကြရသည့် အတွက် ကျောက်တံခါးမြို့နယ် ဖဒိုဒေသ အမြန်လမ်းမကြီးဘေးရှိ မြို့ချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနတစ်ခု ချထားပေးမည့်အစား တိုက်နယ်ဆေးရုံ တစ်ခု အမြန်ဆုံးတည်ဆောက်ပေးရန် လိုအပ်ပါနေပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်နယ်ဆေးရုံအမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းနှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။