(ဃ)-Normal Trade မှ တရားဝင် တင်သွင်းခွင့်ပြုထားသော Cloud Point 8 စားအုန်းဆီသည် စားသုံးသူပြည်သူများအတွက် မည်သို့သော ကျန်းမာရေး ဆိုးကျိုးများ ဖြစ်စေသည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
စားသုံးသူပြည်သူ လူထုစားသုံးရန်အတွက် စားအုန်းဆီ Cloud Point 8 ကို စီးပွားကူးသန်းဝန်ကြီးဌာနမှ တရားဝင်တင် သွင်းခွင့်ပြုလျှက်ရှိရာ တစ်လတစ်လလျှင် တန်ချိန် ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်ထိ တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယခင် ၂၀၁၁-၂၀၁၂ မတိုင်မီနှစ်များက နှစ်ပေါင်းများစွာ Cloud Point 10 အဆင့်ရှိသော စားအုန်းဆီကို တင်သွင်းခွင့်ပြုထားရာမှ ယခုအချိန်တွင် ပိုမိုအဆင့်မြင့်သော Cloud Point 8 အဆင့်ထက်မနိမ့်သော စားအုန်းဆီကို ပြောင်းလဲ တင်သွင်းခွင့်ပြုထားပြီဖြစ်ကြောင်းသိရှိရရာ ယခုတင်သွင်းခွင့်ပြုထားသော Cloud Point 8 စားအုန်းဆီများကို ပင်လျှင် ပြည့်ဝဆီဖြစ်ခြင်း၊ Over Head ဖြစ်ခြင်း တို့ကြောင့် စားသုံးသူပြည်သူအတွက် ကျန်းမာရေး ဆိုးကျိုးကိုဖြစ်စေကြောင်း သမားတော်ကြီးများ၏ သုံးသပ်ချက်ကို ကြားသိနေရပါကြောင်း၊ သို့အတွက်ကြောင့် ယခု Normal Trade Mark တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ Cloud Point 8 စားသုံးသူ ပြည်သူများအတွက် မည်သို့သော ကျန်းမာရေး ဆိုးကျိုးများဖြစ်စေသည်ကို သိရှိလိုပါ၍ ဖြေကြားပေးပါရန် တင်ပြပါသည်။