(ဆ)-အစိုးရဝန်ထမ်းများအပါအဝင် ဥပဒေပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကို ဘာသာရပ် ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာများနှင့်ပတ်သက်၍ မွမ်းမံသင်တန်းများ ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

မေးခွန်းနံပါတ်(၁)အနေနဲ့ အစိုးရဝန်ထမ်းအပါအဝင် ဥပဒေပညာရပ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူများကို ဘာသာရပ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့်စပ်လျဉ်းတဲ့ မွမ်းမံသင်တန်းများဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ။       နံပါတ် (၂)အနေနဲ့ ဥပဒေဘွဲ့ ရထားတဲ့သူတွေ မိမိတို့သင်ကြားထားတဲ့ ပညာရပ်များကို အသုံးချနိုင်ရေးအတွက် အထောက်အကူပြု မယ့် ကျွမ်းကျင်မှုဆိုင်ရာဘာသာရပ်များပို့ချပေးတဲ့ သင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ။ နံပါတ်(၃) မေးခွန်းကတော့ တက္ကသိုလ်မှာ ဥပဒေပညာ သင်ကြားနေကြတဲ့ ကျောင်းသူ ကျောင်းသား များကို ဥပဒေရေးဆွဲရေး၊ တရားစီရင်ရေး၊ အမှုများ လိုက်ပါဆောင်ရွက်ရေး ပြည်တွင်း၊ ပြည်ပစာချုပ်စာတမ်းများ ချုပ်ဆိုရေးစတဲ့ ကဏ္ဍအလိုက် စိတ်ကြိုက်ဘာသာရပ်များ ခွဲခြားပြီး တတိယ နှစ်ကစပြီး စာတွေ့နှင့်လက်တွေ့ပေါင်းစပ်သင်ကြား ပေးရန် အစီအစဉ်ရှိ/မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သည့်စာသင်နှစ်တွင် စတင်နိုင်ပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။