(ဇ)-မြို့နယ်ဥပဒေရုံး ဆောက်လုပ်ခွင့်ပြုရန်နှင့် ဥပဒေရုံးဝန်ထမ်းများအတွက် နေအိမ်ဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်အခါတွင် ဆောင်လုပ်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ရွှေကူမြို့နယ် ဥပဒေရုံးအား ၁၉၇၄ ခုနှစ်မှစတင်၍ ငှားရမ်းအသုံးပြု ခဲ့ရာ ယနေ့အချိန်အထိဖြစ်ပြီး ထိုသို့ ငှားရမ်းအသုံးပြုခဲ့ရာ ဒေါ်စိန်ကွန့်ဆိုသူမှ ရွှေကူမြို့နယ် ဥပဒေရုံး ဆောက်လုပ်ရန်အတွက် ၎င်းပိုင်ဆိုင်သော အကွက်အမှတ် ၂၄ ဦးပိုင်အမှတ် M-1 (0.1360 ) ပေါ်ရှိ မြေတစ်ဝက် အလျား ၃၅ x ၇၀ ပေ အား လှူဒါန်းခဲ့ပါသည်။ ယခုအခါ မြို့နယ်မြေစာရင်းရုံးမှ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ အား ရရှိခဲ့ပြီး ရွှေကူမြို့နယ်ဥပဒေရုံးဆောင်လုပ်ရာတွင် ကုန်ကျမည့် ငွေလုံးငွေရင်း အသုံးစရိတ်ကို ဗန်းမော်မြို့ စည်ပင်သာယာအဖွဲ့မှ အသေးစိတ်တွက်ချက်ပြီး သက်ဆိုင်ရာသို့ တင်ပြတောင်းခံထားပြီးဖြစ်ပါသည်။ ထို့အပြင် ရွှေကူမြို့နယ်ရှိ ဥပဒေရုံးဝန်ထမ်း များသည်လည်း ဌာနပိုင်နေအိမ်မရှိသောကြောင့် ပြင်ပအိမ်များတွင် ငှားရမ်းနေထိုင်နေကြရပါသဖြင့် အောက်ပါမေးခွန်းများ အားမေးမြန်းလိုပါသည်။
(၁) ရွှေကူမြို့နယ် ဥပဒေရုံး အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ အစီအစဉ် ရှိပါက မည်သည့်အချိန်အခါကာလတွင် ဆောက်လုပ်ခွင့်ပြု မည်ကို သိရှိလိုပါကြောင်း။
(၂) မြို့နယ်ဥပဒေရုံးဝန်ထမ်းများအတွက် နေအိမ်အဆောက်အဦး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိအစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။