(ဈ)-စစ်တွေ-မင်းဘူး ရထားလမ်းဖောက်လုပ်မည့် အစား မောင်တော-မင်းဘူး ရထားလမ်းဖောက်လုပ်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ဖောက်လုပ်ပြီးစီးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်သည် နှစ် ၆၀ ခန့်ဖွံ့ဖြိုးမှုနောက်ကျကျန်နေသော ဒေသတစ်ခုဖြစ်ခဲ့ပြီး ယခုရာစုနှစ်တွင် အသင့်အတင့် တိုးတက်လာခဲ့ပါကြောင်း၊ သို့ရာတွင် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် မောင်တောမြို့ တို့ကို ကျောက်ခင်းလမ်းများဖြင့် ဆက်သွယ်ထားပြီး ကား၊ ဆိုင်ကယ်အစရှိသည့် ယာဉ်များ သွားလာ နိုင်သော်လည်း မီးရထားလမ်း ဖောက်လုပ်ပေးနိုင်ပါက ပိုပြီးအကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းလမ်းမှာ စစ်တွေမြို့နှင့်လည်း နီးသောကြောင့် ယခင်စီစဉ်ထားသော စစ်တွေ-မင်းဘူးအစား မောင်တော-မင်းဘူးလမ်းကို ဆက်ပြီး တိုးချဲ့ဆောင်ရွက်ပေးနိုင်ပါက ပိုမိုကောင်းမွန်လာမည်ဟု ထင်မြင်မိပါကြောင်း၊ သို့အတွက်ကြောင့် စစ်တွေ-မင်းဘူးလမ်း စီမံကိန်းအား မောင်တော-မင်းဘူးလမ်းအဖြစ် တိုးချဲ့ဖောက်လုပ် ပေးရန်အစီအစဉ် ရှိ/ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းထားပါသည်။