(ည)-နိုင်ငံအနှံ့ လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုမောင်းနှင်မှု၊ နယ်စပ်မှတစ်ဆင့် မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုမှုနှင့် သက်သာသောနှုန်းထားဖြင့် အများပြည်သူဝယ်ယူအသုံးပြုနိုင်ရေးတို့နှင့်စပ်လျဉ်း သည့်မေးခွန်း
ကျွန်တော့်အနေနဲ့မေးမြန်းလိုတဲ့မေးခွန်းကတော့ (က) နိုင်ငံအနှံ့ လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုမောင်းနှင်မှု များပြားလာလျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့မှ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါတယ်။ (ခ) နယ်စပ်ဒေသ မှတစ်ဆင့် မော်တော်ယာဉ်များ တရားဝင်တင်သွင်းခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါတယ်။ မည်သည့် ကာလမှာ စတင်ခွင့်ပြုမယ်။ မည်သည့်နည်းလမ်းဖြင့်ဆောင်ရွက်မည်နှင့် ဆောင်ရွက်ရန်အစီအစဉ် မရှိပါက အဘယ်ကြောင့်နည်း။ (ဂ) မိမိနှစ်သက်သော မော်တော်ယာဉ်အမျိုးအစားများကို သက်သာ သောနှုန်းထားဖြင့် ဈေးကွက်စီးပွားရေးနှင့်အညီ အများပြည်သူ ဝယ်ယူအသုံးပြုနိုင်ရေး မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုပါတယ်။ (ဃ) ခရိုင်တစ်ခုအတွင်း ဒါမှမဟုတ် ပြည်နယ်/ တိုင်းဒေသကြီး တစ်ခုအတွင်းသာမောင်းနှင်ခွင့်ရှိတဲ့ ဒေသတွင်း မော်တော်ယာဉ် လိုင်စင်များအား သက်သာသောအခွန် နှုန်းထားဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မြို့ကြီးများတွင် ယာဉ်ကြော ပိတ်ဆို့မှုများအား မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။