(က)-စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်း မစတင်မီ ရန်ပုံငွေများကို ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-22

စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော ရန်ပုံငွေများကို အေ‌ာက်ခြေအဆင့် တာဝန်ရှိသူများထံသို့ ကြိုတင်ပေးအပ်ခြင်းမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တာဝန်ရှိပုဂ္ဂိုလ်များသည် လိုအပ်သောပစ္စည်းများ ဝယ်ယူရန်  ပြင်ပမှ ငွေတိုးပေးချေးပြီး လုပ်ဆောင်နေကြရပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်းများတွင် ငွေအပြည့်အဝ သုံးစွဲခွင့် မရရှိသောကြောင့် စံချိန်မမီခြင်း၊  အရည်အသွေးမကောင်းခြင်း၊ အကြွေးနှင့်ဝယ်ရသည့်အတွက် လက်ငင်း ဈေးနှုန်းထက် မြင့်မားခြင်း၊ အရည်အသွေး မပြည့်သည့်ပစ္စည်းများကိုသာ ရရှိခြင်းနှင့် မသမာမှုများလည်းကြုံတွေ့နိုင်ကြောင်း၊ စီမံကိန်းပြီးသွားသည့်အချိန်တွင် စံချိန်မမီသော လမ်းများ၊ အဆောက်အဦများ ပေါ်ထွက်လာပြီး နှစ်အနည်းငယ်အတွင်းမှာပင် ပျက်စီးသွားလေ့ရှိကြောင်း၊ အကယ်၍ စီမံကိန်းငွေများကို ကြိုတင်ထုတ်ပေးပါက  အထက်ပါကဲ့သို့ ကိစ္စရပ်များ ဖြစ်လာရန်အကြောင်း မရှိနိုင်ပါကြောင်း၊ ထို့ ကြောင့်  စီမံကိန်းများ ဆောင်ရွက်ရာတွင် လိုအပ်သောပစ္စည်းများနှင့် အခြားလိုအပ်သည်များကို ကြိုတင်စီမံနိုင်ရန် စီမံကိန်းမစတင်မီ ရန်ပုံငွေများကို ကြိုတင်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။