(ဇ)ငွေအကြွေစေ့များ ပြန်လည်သုံးစွဲလာရန်နှင့်ငွေစက္ကူ တစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ်ကျပ်၊ ငါးဆယ်ကျပ်၊ တစ်ရာကျပ်တန်များအားလုံလောက်စွာသုံးစွဲနိုင်ရေး အတွက် နိုင်ငံတော်အနေဖြင့် ထုတ်ရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ဤမေးခွန်း၏ ရည်ရွက်ချက်မှာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင် စာသာသင်ရပြီး လက်တွေ့အသုံးချခွင့် မရရှိသောကြောင့် လက်တွေ့ အသုံးချခွင့် ရရှိရေး၊ ထို့ပြင် ဝင်ငွေနည်း မိသားစုဝင် များအတွက် ထွက်ငွေ၊ ဝင်ငွေများကို ထိန်းညှိနိုင်ပြီး ပိုငွေများ စုဆောင်းနိုင်ရေး ကုန်ဈေးနှုန်းကြီးမြင့်မှုအား တစ်ဖက်တစ်လမ်းမှ ထိန်းညှိနိုင်ရေးကို ရည်ရွယ်ပါကြောင်း၊ ဤကိစ္စရပ်များကို နိုင်ငံတော်အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လက်လီလက်ကား စီးပွားရေးလုပ်ငန်းရှင်များ၊  ပြည်သူများပါဝင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိမေးလိုသည့် မေးခွန်းအနေဖြင့် ငွေအကြွေများ ဖြစ်သော ငါးပြား၊ ဆယ်ပြား၊ နှစ်ဆယ့်ငါးပြား၊ ငါးဆယ်ပြား၊ တစ်ကျပ်စသည့်အကြွေများ၊ နိုင်ငံတော်တွင် ပြန်လည်သုံးစွဲလာရန် ရှင်သန်မှု ပြုလုပ်ပေးရန် နိုင်ငံတော် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ငွေစက္ကူတစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ်ကျပ်၊ ငါးဆယ်ကျပ်၊ တစ်ရာကျပ်တန်းများအားလုံ လောက်စွာ လည်ပတ်သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် လုံလောက်စွာ ထုတ်ပေးနိုင် ရန် အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်၊ ဆောင်ရွက်ပေးနိုင်မှုမရှိပါက အဘယ်ကြောင့် ဆောင်ရွက်ပေးနိုင်မှု မရှိကြောင်းကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။