(က)-ပိတ်ထားသော စစ်တွေ - ကျောက်တော် မီးရထားလမ်းအား မည်သည့်အချိန်တွင် ဖွင့်ပေးပါမည်နည်းနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-22
ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် စစ်တွေမြို့နယ်နှင့်ပတ်သက်တဲ့ မေးခွန်းက ၃ ခုရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့အခြေအနေအရ မေးခွန်းတစ်ခုပဲ မေးပါမယ်။ အခြေအနေပေးတဲ့အလျောက် မေးခွန်း ၂ ခု ချန်ထားပြီးတော့ တစ်ခုပဲမေးပါမယ်။ အဲ့ဒီမေးခွန်းက ပုဏ္ဏားကျွန်း-ကျောက်တော် ရထားလမ်းပိတ်ထားပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် စာတင်တဲ့အချိန်တုန်းက ပိတ်ထားတာပါ။ အခုတော့ ဖွင့်ထားပါတယ်။ ဆိုလိုတာကတော့ အဲ့ဒီအချိန်ကတင်တဲ့အတွက် အချိန်ကနှောင်းသွားပါ တယ်။ ဒီနှစ်ဆိုလို့ရှိရင် စစ်တွေနဲ့ ကျောက်တော် မီးရထားလမ်းမဖွင့်သေးဘူး။ စစ်တွေမီးရထားလမ်း ဘယ်တော့ဖွင့်မလဲ မေးချင်ပါတယ်။