(စ)-အမျိုးသားညီလာခံ ကိုယ်စားလှယ်များအား နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် အပ်နှင်းရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည် နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်သည် ပြည်သူ့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ရှေးရှု၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်နိုင်ရေး အတွက်အမျိုးသားညီလာခံ ခေါ်ယူကျင်းပခဲ့ရာ ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကို စတင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရပ်ဆိုင်ထားခဲ့ ပါကြောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံအား ပြန်လည်ခေါ်ယူကျင်းပဆောင်ရွက်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးအောင်မြင်စွာပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ခဲ့ခြင်းကြောင့် လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးမဏ္ဍိုင်များအပြန် အလှန် ထိန်းကျောင်း ညှိနှိုင်းမှုများ ပွင့်လင်း မြင်သာမှုများ မြို့ပြနှင့် ကျေးလက် ကွာဟမှုများ စီမံချက်များ ဆောင်ရွက် နိုင်ခဲ့ခြင်း ကြောင့် ဒီမိုကရေစီ၏ အရသာကို လက်တွေ့ ခံစားနေရခြင်းပင် ဖြစ်၍ ပြည်သူ အားလုံးက ဝမ်းသာပီတိဖြစ်နေကြပါကြောင်း၊ အဆိုပါ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် အမျိုးသား ညီလာခံ ကိုယ်စားလှယ်များသည် အချိန်၊ ငွေ၊ မိသားစုအရေးကို စွန့်လွတ်ပြီး ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်ခဲ့ကြရာ အချို့မှာ နိုင်ငံတော်အတွက် အသက်တစ်မျှ အရေးကြီးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက် လာအောင် ဆောင်ရွက်ခဲ့သော အမျိုးသား ညီလာခံ ကိုယ်စားလှယ်များအား နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ် လိမ့်မည်ဟု မျှော်လင့်ချက်ကြီးမားစွာဖြင့် ခံစားနေကြရပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၅အရနိုင်ငံတော်သမ္မတသည်ဥပဒေနှင့် အညီ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းနိုင်သည်ဟုလည်း ဖော်ပြပါရှိရာ အမျိုးသားညီလာခံ ကိုယ်စားလှယ်များအား နိုင်ငံတော်မှ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရန် အစီအစဉ် ရှိ/မရှိ၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းမည်ဆိုပါကမည်သည့်အချိန်အပ်နှင်း ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။