(ဃ)-မိုးမောက်မြို့နယ်တွင် အခြားမြို့နယ်များနည်းတူ WCDMA, CDMA(450), GSM ဖုန်းလိုင်းများအား အဆင်‌့မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

မိုးမောက်မြို့နယ်တွင် ကြိုးဖုန်းအလုံးရေစုစုပေါင်းမှာ ၁၇၀ လုံးသာရှိပြီး ကြိုးဖုန်းဝယ်ယူရာတွင် ပြည်သူများက ငွေအင်အား အလုံအလောက်မရှိပါသဖြင့် နိုင်ငံတော်မှ တန်ဖိုးနည်း WCDMA, CDMA-450,GSM ဖုန်းများ ‌ရောင်းချပေးပါသော်လည်း ဖုန်းလိုင်းအားများ မကောင်းမွန်ပါသဖြင့် ဝယ်ယူသူနည်းပါးပြီး ဆက်သွယ်ရေးတွေ အင်မတန်နှောင့်နှေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မိုးမောက်မြို့နယ်တွင် အခြားမြို့နယ် များနည်းတူ WCDMA, CDMA-450 နှင့် GSM ဖုန်းလိုင်းများအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း အပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။