(င)-အရေးပေါ်သွေးလိုအပ်သူ ချို့တဲ့လူနာများအတွက် အကူအညီပေးနေသော စေတနာသွေးလှူရှင်များ အတွက် သက်ဆိုင်ရာက မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်သည်နှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တချို့မှာ စေတနာရှင် သွေးလှှူရှင်အဖွဲ့များဖွဲ့စည်းပြီးတော့ ချို့တဲ့တဲ့အရေးပေါ်သွေးလိုအပ်သော လူနာများကို အခမဲ့ သွေးလှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိနေပါတယ်။ အသင်းအဖွဲ့အလိုက်သွေးလှူဘဏ်များမှာ သွေးလှူဒါန်းကြတဲ့အခါမှာတော့ သွေးစစ်ဆေးခြင်းများ၊ သွေးအိတ်များ အခမဲ့ဝန်ဆောင်မှုရရှိ သော်လည်း အထက်ဖော်ပြပါ စေတနာရှင် သွေးလှူရှင်အဖွဲ့များအနေနဲ့ လူနာရှင်သွေးစစ်ဆေးမှုများ အတွက် တစ်ဦးလျှင် ၃၅၀၀ ကျပ်၊ သွေးအိတ်တစ်ခုလျှင် ၂၈၀၀ ကျပ်ပေးရပါသဖြင့် စေတနာရှင် သွေးလှူရှင်အဖွဲ့များအတွက် အခက်အခဲများဖြစ်ရပြီးတော့ ရေရှည်ရပ်တည်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ လောလောလတ်လတ်အခြေအနေမှာပဲ ဒီလအထဲမှာ မြောက်ဥက္ကလာပမြို့နယ်မှာ အရေးပေါ် သွေးလိုအပ်တဲ့ OG Case နှစ်ခုကို စေတနာရှင် သွေးလှူရှင်များအနေနဲ့လည်း သူတို့မှာ ငွေပြတ်လပ်မှုဖြစ်တဲ့အတွက် သွေးလှူဒါန်းနိုင်ခြင်းမရှိတာကို ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီတော့ မေးခွန်းအနေနဲ့ ကျွန်တော်မေးချင်တာကတော့ အရေးပေါ်သွေးလိုအပ်သူ ချို့တဲ့လူနာများအတွက် အခမဲ့စေတနာ သက်သက်ဖြင့် လိုက်လံအကူအညီပေးဆောင်ရွက်နေသော စေတနာရှင် သွေးလှှူရှင် များအတွက် သက်ဆိုင်ရာက မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါသည်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။