(စ)-ကနီမြို့နယ်၊ ကင်းကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ပေးနိုင် ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ကနီမြို့နယ်၊ ကင်းကျေးရွာကျေးလက်ကျန်းမာရေးဌာနမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခု ရှိပါတယ်။ ကနီမြို့နယ် ပြည်သူ့ဆေးရုံနဲ့လည်း ၃၄ မိုင်ကွာဝေးပြီး တော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာအုပ်စုများဖြစ်ပါတယ်။ ကင်းတိုက်နယ်မှာ ကျေးရွာ အုပ်စု ၆ အုပ်စုပါဝင်ပြီးတော့ ကျေးရွာပေါင်း ၂၆ ရွာရှိပြီးတော့ တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်ရရှိပါက မင်းကင်းမြို့နယ်မှ ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာ ၆ ရွာအပါအဝင် စုစုပေါင်း လူဦးရေ၂၇၃၂၆ ဦး ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်။ ကင်းကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ် အဆင်‌့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ရာတွင် လိုအပ်သော အဓိကအဆောက်အဦအပါအဝင် အခြား အချက်အလက်များ ပြည့်စုံအောင် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကနီမြို့နယ် ကင်းကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မြို့နယ်ပြည်သူများကိုယ်စား မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။