(ဇ)-မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်း တစ်ဖက် ၃ ပေအကျယ် အမာခံလမ်း ပခုံးတိုးချဲ့ဆောင်ရွက်ပေး နိုင်ပါရန်နှင့် တံတားအမှတ် (၃/၅၁) ခိုနားလီတံတားနှင့် တံတားအမှတ် (၁/၂၄) နမ္မဘေလီ တံတားတို့အား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ပါရန်တို့နှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းမှာရှိတဲ့ မယ်ဟန်-မိုင်းရယ်-ကျေးသီး ကားလမ်းပိုင်းဟာ မော်တော်ယာဉ်များ သွားလာမှု များပြားလာခြင်း နေ့စဉ်ကုန်တင်ယာဉ်ကြီးများသွားလာမှု ပိုမိုများပြားလာရာ အချို့သောကားလမ်းပိုင်း များ ကျဉ်းြမောင်းသဖြင့် ယာဉ်ကြီးများရှောင်တိမ်းမှုခက်ခဲခြင်း၊ အန္တရာယ်များခြင်းအပြင် မယ်ဟန်-မိုင်းရယ်-ကျေးသီး ကားလမ်းပိုင်းမှာရှိတဲ့ နမ္မတံတားနှင့် ခိုနားလီတံတား ၂ စင်းမှာလည်း ယိုယွင်း ပျက်စီးလျက်ရှိနေပါတယ်။ ဒါကြောင့်မို့လို့ မေးမြန်းလိုတဲ့ မေးခွန်းကတော့ (က) မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်းအပိုင်းရှိ မိုင် ၂၃/၂ မှ ၃၀/၂ အထိ ၇ မိုင်နှင့် ၄၂/၀ မှ ၄၇/၀ အထိ ၅ မိုင် လမ်းအပိုင်းတို့အား တစ်ဖက် ၃ ပေအကျယ် အမာခံလမ်းပခုံး တိုးချဲ့ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ပေးနိုင်မှုအခြေအနေကို သိရှိလိုပါတယ်။ (ခ) မယ်ဟန်-မိုင်းရယ်-ကျေးသီး လမ်းတံတား အမှတ် (၃/၅၁) ခိုနားလီတံတား သံပေါင်သစ်သားကြမ်းခင်းတံတားအား သံကူကွန်ကရစ်တံတား တည်ဆောက်ပေးနိုင်ပါရန်နှင့် တံတားအမှတ် (၁/၂၄) နမ္မဘေလီတံတားအား သံကူကွန်ကရစ်တံတား တည်ဆောက်ပေးနိုင်ပါရန် ဆောင်ရွက်ပေးနိုင်မှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။