(ဂ)-ဆေးတက္ကသိုလ် ၄ ခုသို့ ကျောင်းသား/ကျောင်းသူ ဝင်ခွင့်ဦးရေကို သုံးသပ်ပြောင်းလဲရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ကျွန်တော် အခုမေးမယ့်မေးခွန်းဟာ လွန်ခဲ့သော ၂ လကျော်က ပေးပို့ထားတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ယခုအခါမှာ အဖြေထွက်ရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ရှိတဲ့ အဖြေဟာ တရားဝင်ထုတ်ပြန်ရခြင်းမရှိသေးတဲ့အတွက် ကျွန်တော်ဒီမေးခွန်းကို ဆက်လက်မေးမြန်းမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ မန္တလေးဆေးတက္ကသိုလ်နှင့် မကွေးဆေးတက္ကသိုလ်ဆိုပြီးတော့ ဆေးတက္ကသိုလ်ကြီး ၄ ခုရှိ ပါတယ်။ အဲဒီ ဆေးတက္ကသိုလ်ကြီး ၄ ခုမှာ တစ်နှစ်လျှင် ကျောင်းသူကျောင်းသား ဝင်ခွင့်ဦးရေ     ၂၄၀၀ ခန့် လက်ခံတာဖြစ်ပါတယ်။ အဲဒီ ဆေးတက္ကသိုလ်များက ဒီဆေးတက္ကသိုလ် ၄ ခုက ဘွဲ့ရပြီး ဆရာဝန်များကို  နိုင်ငံတော်အနေနဲ့ တာဝန်ယူအလုပ်ခန့်ထားနိုင်မှု ရာခိုင်နှုန်းနည်းပါးတာကိုတွေ့ရပါ တယ်။ ဘွဲ့ရဆရာဝန်များအနေနဲ့ အလုပ်ရရှိမှုအတွက်နှစ်ရှည်လများစောင့်ဆိုင်းနေရပြီးတော့ နစ်နာမှု များရှိနေပါသဖြင့် ဒီဆေးတက္ကသိုလ် ၄ ခုဝင်ခွင့်ကျောင်းသားကျောင်းသူဦးရေ ဝင်ခွင့်ကိုပြန်လည် သုံးသပ်ပြီး သုံးသပ်ပြောင်းလဲရန်အစီအစဉ်ရှိ၊ မရှိသိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။