(ဃ)-ပြည်နယ်အသီးသီးတွင် နှစ်ကာလကြာမြင်‌့စွာ တာဝန်ထမ်းဆောင်နေကြသော ဆရာ/မများပြောင်းရွှေ့ ခွင့်ရရှိရေးနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-22

 

ပြည်မမှပြည်နယ်များတွင် သွားရောက်တာဝန်ထမ်းဆောင်နေကြရသော ဆရာ ဆရာမများပြောင်းရွှေ့ ရေးတွင် ယခင်က ၂ နှစ်ပြည့်လျှင်ပြောင်းရွှေ့ခွင့်ပေးသည်ဟုသိရှိရပါတယ်။ သို့ရာတွင် ပြည်နယ်တွင် ၅ နှစ် ၊ ၆ နှစ်ကျော်ကြာနေပြီဖြစ်သော်လည်း ယနေ့အထိပြောင်းရွှေ့ခွင့်မရသေးသော ဆရာဆရာမများအနေဖြင့် ၂ နှစ်ပြည့်သည့်အချိန်မှစ၍ နှစ်စဉ်အပြောင်းအရွှေ့ခေါ်တိုင်းလျှောက်ထားခဲ့ကြ သော်လည်း ယနေ့ အထိပြောင်းရွှေ့ခွင့်မရသေးကြောင်းသိရှိရပါတယ်။ သို့ပါ၍ ပြည်နယ်အသီးသီးတွင် နှစ်ကာလကြာမြင့်စွာတာဝန်ထမ်းဆောင်နေကြရသော ဆရာဆရာမများ ပြောင်းရွှေ့ခွင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနမှ မည်သို့မူဝါဒများချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို သိရှိလိုပါဖြင့် မေးမြန်းရခြင်းဖြစ်ပါသည်။