(ခ)-B.O.T ယူထားသည့် ကုမ္ပဏီများအကြား စာချုပ် ချုပ်ဆိုထားသည့် စာချုပ်ပါအချက်များ ပြည်သူလူထုသို့ အသိပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
အာဆီယံစာချုပ် များအရ လမ်းများမပျက်စီး ရန်ကုန်တန်ချိန်သတ်မှတ်ချက်ကို အများပြည်သူများမှသိရှိလိုက်နာနေရပါ တယ်။ သို့ရာတွင် B.O.T စနစ်ဖြင့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် B.O.T စာချုပ်နှင့်ပတ်သက်၍ လမ်းအကျယ်အဝန်း၊ လမ်းပြုပြင်ထိန်းသိမ်းမှုနှင့် လမ်းစံချိန်စံညွှန်းများကို မည်ကဲ့သို့ပြုပြင်ထိန်းသိမ်း ရန်နှင့် မည်ကဲ့သို့ကြီးကြပ်မည်။ လိုက်နာမှုမရှိပါကမည်ကဲ့သို့အရေးယူမည်။ စည်းကမ်းချက်များနှင့် ပတ်သက်ပြီးတော့ B.O.T ယူထားသည့်ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့်စာချုပ်ပါအချက်အလက် များကို အများပြည်သူတို့သိရှိအောင်ကြေညာပေးသင့်ပါတယ်။ သို့မှသာ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူလူထုနှင့် B.O.T ယူထားသည့်ကုမ္ပဏီများအကြား ပွင့်လင်းမျှတစွာဖြင့် မျှမျှတတ ဆောင်ရွက်နေတာကို ပိုမိုပေါ်လွင်ထင်ရှားစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် B.O.T ယူထားသည့်ကုမ္ပဏီများအကြားစာချုပ်ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက် များကို ပြည်သူလူထုသို့အသိပေးနိုင်၊ မပေးနိုင်သိရှိလိုပါကြောင်းမေးမြန်းပါသည်။