(က)-နိုင်ငံတော်မှ ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့သဖြင့် ကောင်းကျိုး ဆိုးကျိုးများ ရှိလာနိုင်ပါ၍ နိုင်ငံတော်မှ မည်သို့ စီမံဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
၁၉၉၀ ဝန်းကျင်မှစ၍ မြန်မာနိုင်ငံကို ပြည်သူများစားသုံးရန်အတွက် စားအုန်းဆီကို တင်သွင်းခဲ့ပါတယ်။ တစ်လကို တန် ၅၀၀၀ မှစ၍ တဖြည်းဖြည်း တန် ၁၀၀၀၀၊ ထို့နောက် ၂၀၀၀၀၊ ထို့နောက် ၃၀၀၀၀ အထိ တင်သွင်းလာတာကို တွေ့ရပါတယ်။ ၁၉၉၀ မှ ၂၀၀၉-၂၀၁၀ အချိန်အထိ အခြေအနေကို အကျဉ်းမျှတင်ပြလိုပါတယ်။ စားအုန်းဆီဟာ ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီတို့ထက် ဈေးနှုန်းများစွာလျော့နည်းပါတယ်။ တစ်ပိသာကို ၁၀၀၀ နှင့် ၁၅၀၀ ထိအောင် လျော့နည်းတာ ကိုတွေ့ရပါတယ်။ စားအုန်းဆီ အဝင်များလာသည်နှင့်အမျှ ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူများရဲ့ သီးနှံဈေးဟာကျပြီးတော့ အကျိုးအမြတ်မရှိတဲ့ အခြေအနေကို ရောက်ခဲ့ ပါတယ်။ ထိုအနှစ် ၂၀ ခန့်အတွင်း မြေပဲစိုက်ပျိုးတဲ့ဒေသများဟာ စိုက်ပျိုးမှုလျှော့ချခဲ့ရပါတယ်။ တစ်ပြည်လုံးမှာရှိတဲ့ မြေပဲစိုက်ပျိုးမှုအနေနဲ့ ၇၀၊ ၇၅ ရာခိုင်နှုန်းအထိ လျော့သွားနိုင်တယ်လို့ မှန်းဆ ကြပါတယ်။ ၎င်းအချိန်ကာလက မြေပဲကို ပြည်ပသို့ လုံးဝတင်ပို့ရောင်းချခြင်းမပြုခဲ့ပါဘူး။ ထို့နောက် ပြည်ပမှာ ဈေးကောင်းရနေတဲ့အချိန် နှမ်းမှာ နှမ်းအမဲရောင်နှင့် နှမ်းအဖြူရောင်တို့ကို တင်ပို့ရောင်းချ ခွင့်ပြုခဲ့ပါတယ်။ ကျန်နှမ်းအရောင်များဖြစ်တဲ့ အနီတို့၊ အညိုတို့၊ အဝါတို့၊ အကျားတို့ကိုတော့ ပြည်တွင်းမှာ ဆီကြိတ်စားသုံးရန်အတွက် ပြည်ပကို တင်ပို့ရောင်းချခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့်မို့ ပြည်ပကို တင်ပို့ခွင့်မရတဲ့ မြေပဲနှင့် နှမ်းတို့ဟာ ဈေးကောင်းမရဘဲ တောင်သူများဟာ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြ၍ စိုက်ဧက အထူးလျော့သွားတာတွေ့ရှိရပါတယ်။ သို့သော်လည်း ပြည်ပပို့ခွင့်ရတဲ့ နှမ်းအမဲနှင့် နှမ်းအဖြူတို့က ဈေးကောင်းရတဲ့အတွက် စိုက်ဧက တိုးလာတာကို တွေ့ရပါတယ်။ ထူးထူးခြားခြားကတော့ ဒီမြေပဲစိုက်ပျိုးမှုဧကများ သိသာထင်ရှားစွာ လျော့ကျသွားတာကို တွေ့ရ ပါတယ်။ ၂၀၁၁-၂၀၁၂ ဒီမိုကရေစီနိုင်ငံတော် စတင်ထူထောင်သည့်အချိန်မှစပြီးတော့ မြေပဲနှင့် နှမ်းအနီတို့၊ အညိုတို့၊ အဝါတို့၊ အကျားတို့ စိုက်ဧကတိုးလာဖို့ရန် ရည်ရွယ်ပြီးတော့ ပြည်ထောင်စု အစိုးရကနေပြီးတော့ ပြည်ပကို တင်ပို့ရောင်းချခွင့်ပြုခဲ့ပါတယ်။ ၎င်းကဲ့သို့ စတြင်ပီးတော့ပြည်ပကို တင်ပို့ရောင်းချခွင့်ရသည့်အချိန်မှစပြီးတော့ မြေပဲတို့၊ နှမ်းတို့ ဈေးများဟာ တစ်ရိပ်ရိပ်တက်ခဲ့တာ တွေ့ရှိရပါတယ်။ မကြုံစဖူးအတက်ထူးလာတာကိုလည်း တွေ့ရပါတယ်။ ပြည်ပဝယ်လက်များက လည်း ရသလောက်ဝယ်၍ ဝယ်ရသလောက် ပြည်ပသို့တင်ပို့ခဲ့တာကို တွေ့ရပါတယ်။ တရုတ် နယ်စပ်မှတစ်ဆင့် တရုတ်ပြည်တွင်းသို့ တင်ပို့ရောင်းချမှုဟာ ပို၍များခဲ့တာကို တွေ့ရှိရပါတယ်။ မြေပဲဆံကုန်ကြမ်းဈေးဟာ ယခုနှစ်များအတွင်းမှာ ယခင်ကာလများထက် ၆၀ ရာခိုင်နှုန်းခန့် လည်းကောင်း၊ ဆီကြိတ်နှမ်းများဟာ ၄၀ ရာခိုင်နှုန်းခန့်လည်းကောင်း ဈေးနှုန်းများ တက်လာတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ဆီကြိတ်မြေပဲဆံ တစ်ပိသာ ၂၆၀၀၊ နှမ်းညို သုံးတင်းတစ်အိတ် ၈၂၀၀၀ အထိ ဈေးများဖြစ်ခဲ့ပြီး စိုက်ပျိုးတဲ့တောင်သူများကတော့ မကြုံဖူးတဲ့ဈေးကို ဈေးကောင်းရခဲ့ ကြပါတယ်။ အထက်ပါအခြေအနေ အရပ်ရပ်များကြောင့် ကောင်းကျိုးများရခဲ့သလို ဆိုးကျိုးများ ကိုလည်း ဖြစ်စေခဲ့ပါတယ်။ ရရှိတဲ့ကောင်းကျိုးများကတော့ ဆီထွက်သီးနှံဈေးများ ဈေးကောင်းရခဲ့တဲ့ အတွက် ယခင်စိုက်ဧကများ လျော့ကျနေတာကို နောက်နှစ် နောက်နှစ်များမှာ တောင်သူများမှာ ပိုမိုစိုက်ပျိုးပြီးတော့ စိုက်ဧကတိုးလာဖို့ဟာ သေချာသလောက် ဖြစ်နေပါတယ်။ နောက်ဆိုးကျိုးတွေ ကတော့ ပြည်ပကို ဆီထွက်သီးနှံ ကုန်ကြမ်းများ ထွက်ရှိသွားတဲ့အတွက် ပြည်တွင်းမှာ စားသုံးဆီ ထုတ်လုပ်မှုကျဆင်းသွားပါတယ်။ ဒါကြောင့်မို့လိုအပ်တဲ့ စားသုံးဆီကို ွပည်ပမှပိုမိုမှာယူရမှာ ဖြစ်တဲ့အတွက် ွပည်ပသုံးငွေကို ပိုမိုသုံးစွဲရမှာွဖြစ်ပီး နိုင်ငံအတွက် နစ်နာမှုကိုဖြစ်စေပါတယ်။ ပြည်ပမှ ပြန်လည်တင်သွင်းတဲ့ စားအုန်းဆီဟာလည်းပဲ ပြည်ဝဆီအမျိုးအစား ွဖစ်တဲ့အတွက် ွပည်သူများ ကြာရှည်စွာ စားသုံးက သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းအဆီဖုံး၊ ကျောက်ကပ်ရောဂါများကို ရစေပါ တယ်။ ယခုတင်သွင်းနေတဲ့ အဆင့်မြင့် Cloud Point 8 စားအုန်းဆီသည်ပင်လျှင် ကြာရှည်စွာစားသုံး ပါက အထက်ပါရောဂါများကို ရစေသည်လို့ သမားတော်များမှ သုံးသပ်တာကို တွေ့ရှိရပါတယ်။ အထက်ပါ ရောဂါများကိုရ၍စားသုံးသူများဟာ ဆေးဖိုးဝါးခများ အပိုကုန်ကျစေပါတယ်။ ထို့အပြင် အချိန်မတိုင်မီ လုပ်အားများလျော့၍ လူသားအရင်းအမြစ်ကို ဆုံးရှုံးစေပါတယ်။ ထို့အပြင် ဆီစက်လုပ်ငန်းများဟာ ယခုအချိန်မှာ ကုန်ကြမ်းရှားပါးမှုကြောင့် ၇၀ ရာခိုင်နှုန်းခန့် ရပ်သွားရပါတယ်။ ထို့ကြောင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ တိုးတက်စေရမည်ဆိုတဲ့ နိုင်ငံတော်၏ မူဝါဒကလည်း အရာမရောြက်ဖစ်ခဲ့ရပြီး၊ လုပ်သားများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့နည်းသွားစေပါတယ်။ ဆီစက်များ ရပ်ဆိုင်းသွားတဲ့အတွက်ကြောင့် တိရစ္ဆာန်အစားအစာနှင့် ကြိတ်ဖတ်များ ရှားပါးပြတ်လတ်မှုကို ွဖစ်စေပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့သော ၅ နှစ်၊ ၁၀ နှစ်ခန့်က ဈေးနှင့်နှိုင်းယှဉ်ပါက ကြိတ်ဖြတ်ဖစ်တဲ့ ပဲဖတ်တို့ နှမ်းဖတ်တို့ဟာ ၂ ဆ နီးပါးတက်လာတာကို တွေ့ရှိရပါတယ်။ တစ်ချိန်မှာ ဝယ်ရန်ခက်ခဲတဲ့ အွခေအနေကိုရောက်သွားွပီး မှေးမြူရေးနှင့် ရေလုပ်ငန်းများ လျော့ပါးရပ်ဆိုင်းသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ အများွပည်သူများ အားပြုစားသုံး နေကြတဲ့ သားငါးပုစွန်ဈေးများ တက်သွားနိုင်ပါတယ်။ ထို့အပြင် သားငါးပုစွန်မှရတဲ့ နိုင်ငံခြား ဝင်ငွေလည်း လျော့ပါးသွားနိုင်ပါတယ်။ သားငါးမွေးမြူရေးလုပ်ငန်းများ လျော့ကျရပ်ဆိုင်းသွားပါက ွပည်တွင်းလုပ်သားများ၏ အလုပ်အကိုင် အခွင့်အရေးများလည်း ထပ်မံ၍လျော့ပါးသွားနိုင်ပါတယ်။ အွခေအနေအရတော့ အရည်လည်းမရ အဖတ်လည်းမရတဲ့ ဆိုးကျိုးများကို ဖြစ်စေပါတယ်။ အထက်ပါကောင်းကျိုးနှင့် ဆိုးကျိုးများကို နှိုင်းယှဉ်ချိန်ဆ၍ နိုင်ငံတော်နှင့်ွပည်သူများ၏ ရေရှည် အကျိုးကိုမျှော်ကိုး၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။