(င)-ကျိုင်းတောင်းမြို့နယ်ခွဲ ပြည်သူ့ဆေးရုံအတွက် ဆရာဝန်နှင့်အခြားအရေးကြီးသော ဝန်ထမ်းများ ခန့်ထားပေးရန်နှင့် ဆေးရုံဝင်း ခြံစည်းရိုးကာရံပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-22
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲသို့ ၂၄-၄-၂၀၁၄ ရက်နေ့ ကျွန်တော်သွားရောက်ခဲ့စဉ်က ၂၅ ခုတင်ဆံ့ပြည်သူ့ ဆေးရုံ၌ ဆရာဝန်မရှိပါ။ သူနာပြုလေးဦး၊ စာရေးတစ်ဦး၊ အထွေထွေလုပ်သားတစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ခြောက်ဦးရှိပါသည်။ သို့ဖြစ်ပါ၍ ကျိုင်းတောင်းမြို့နယ်ခွဲပြည်သူ့ဆေးရုံအတွက် ဆရာဝန်နှင့်အခြားအရေးကြီးသောဝန်ထမ်းများ ခန့်ထားပေးပါရန်နှင့် ဆေးရုံဝင်းခြံစည်းရိုးကာရံပေး ပါရန် အစီအစဉ်ကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းပါသည်။