(က)-ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
ယခုကျင်းပဆဲ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးလိုတာကတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ၎င်းတို့ရှိရာ နယ်မြေ ဒေသများနှင့်စပ်လျဉ်း၍ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် စီမံဆောင်ရွက် နေမှုများနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ သိရှိလိုပါသဖြင့် ရှင်းလင်းဖြေကြားနိုင်ပါရန် မေးမြန်းပါသည်။