(ဂ)-ရန်ပုံငွေမရသေးသောကျောင်းများနှင့် ဥပဓိရုပ်မကောင်းသော ကျောင်းများနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
နောင်မွန်းမြို့နယ်မှာ နိုင်ငံတော်ပိုင် အခြေခံ ပညာမူလတန်းကျောင်း ၃၈ ကျောင်းကိုဖွင့်လှစ်ပေးပါတယ်။ ၃၈ ကျောင်းအနက်မှ ၂၉ ကျောင်းဟာ ဆိုလို့ရှိရင် မိဘလူထုမှဝါးနဲ့ဆောက်လုပ်ထားတဲ့ တောင်ယာတဲပုတ်သာသာရှိတဲ့ နေရာများမှာ သင်ကြားပေးလျက်ရှိနေကြပါတယ်။ မိမိတို့ဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆင်းရဲနွမ်းပါး တဲ့ဒေသဖြစ်နေတဲ့အတွက်ကြောင့် မိဘများအနေဖြင့် ကျောင်းဆောင်ကောင်းများကို ဆောက်လုပ် ပေးနိုင်တဲ့အနေအထားမရှိပါဘူး။ ဒါ့ကြောင့် ပညာရေးဌာနကနေ သတ်မှတ်ထားတဲ့ ဥပဓိရုပ် မကောင်းတဲ့ကျောင်းမှ ဥပဓိရုပ်ကောင်းတဲ့ကျောင်းကို ရောက်ရှိဖို့မလွယ်ကူကြောင်း လေ့လာတွေ့ရှိ ရပါတယ်။ ဒါ့ကြောင့် ပညာရေးဌာနကနေပြီးမှ ရန်ပုံငွေမရသေးသောကျောင်းများနဲ့ ဥပဓိရုပ် မကောင်းတဲ့ကျောင်းများကို ပညာရေးဌာနမှ ဆောင်ရွက်ပေးသွားမယ့် အစီအစဉ်ကို သိလိုပါကြောင်း လေးစားစွာ မေးမြန်းပါသည်။