(ဆ)-တိုက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်များသို့ဆက်သွယ်ထားသော ဂဝံလမ်းစုစုပေါင်း လမ်းမိုင် ၂၉ မိုင် ၂ ဖာလုံကို ကတ္တရာလမ်းသို့အဆင့်မြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှာရှိတဲ့ ရွာသာကျေးရွာကနေပြီးတော့ တော်လတီ ကျေးရွာအထိ ၅ မိုင်နဲ့ ၅ ဖာလုံရှိပါတယ်။ တော်လတီကျေးရွာကနေပြီးတော့ မှော်ဘီမြို့နယ်အတွင်းမှာ ရှိတဲ့ ရန်ကုန်-ပြည် မော်တော်ကားလမ်းထိလမ်းမိုင် ၂၃ မိုင်နဲ့ ၅ ဖာလုံရှိပါတယ်။ စုစုပေါင်းလမ်း ၂၉ မိုင်နဲ့ ၂ ဖာလုံရှိတဲ့လမ်းကြီးကို ကတ္တရာ၊ ဂဝံလမ်းအဖြစ်တည်ဆောက်ပေးပြီးတော့ ဒီလမ်းပေါ်မှာ တံတားကြီး ၂ စင်းရှိပါတယ်။ တစ်ခုက ရေပေါ်သောင်တံတားဖြစ်ပြီးတော့ တစ်ခုက လှိုင်မြစ်ကူး တံတား(မြို့ချောင်းတံတား)ဖြစ်ပါတယ်။ ဒီဂဝံလမ်းနဲ့ ဒီတံတားကြီးများကို နိုင်ငံတော်ကနေပြီးတော့ ငွေကုန်ကြေးကျများစွာကုန်ကျခံတည်ဆောက်ပေးပြီးတော့ ၂၀၀၀ ခုနှစ်ကတည်းကဖွင့်လှစ်ပေးပြီး ဖြစ်ပါတယ်။ ၎င်းဂဝံလမ်းကြီးကို ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ပြီးတော့ ဆောင်ရွက်ပေးနိုင်မှု အစီအစဉ် ရှိ၊ မရှိနဲ့ ဆောင်ရွက်ပေးပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မဆောင်ရွက် ပေးနိုင်ပါက အစီအစဉ်မရှိပါက မဆောင်ရွက်ပေးနိုင်ကြောင်းဖြေကြားပေးနိုင်ရန် မေးမြန်းပါသည်။