(ည)-မန္တလေး-လားရှိုးလမ်းမပေါ်ရှိ အုမ္မသီးကျေးရွာမှ မိုင် ၂၀ ကွာဝေးသော ဟိုခိုကျေးရွာအထိ ကျောက်ကြမ်းလမ်း ၁၄ မိုင်အား ကတ္တရာလမ်းခင်းပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

မန္တလေး-လားရှိုးလမ်းမ ပေါ်မှာရှိတဲ့ အုမ္မသီးကျေးရွာမှဟိုခိုကျေးရွာထိ မိုင် ၂၀ ကွာဝေးတဲ့ ‌ကျောက်ကြမ်းလမ်း ၁၄ မိုင်အား ကတ္တရာလမ်းခင်းပေးရန်မေးမြန်းလိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-လားရှိုး လမ်းမပေါ်မှာရှိတဲ့ အုမ္မသီးကျေးရွာမှ သုံးဆယ်ကျေးရွာနှင့် ဟိုခိုကျေးရွာ မိုင်၂၀ အရောက်မှာ အခုအသစ်တည်ဆောက်ဖောက်လုပ်နေတဲ့ ပြင်ဦးလွင်-မိုးကုတ်ကတ္တရာလမ်းမကြီးနှင့် ထိစပ်လျက် ရှိပါတယ်။ အုမ္မသီးကျေးရွာမှ သုံးဆယ်ကျေးရွာသို့ ၆ မိုင် ကတ္တရာလမ်းခင်းပြီးဖြစ်ပါတယ်။ သုံးဆယ်ကျေးရွာမှ ဟိုခိုကျေးရွာသို့ ကျန်ရှိသေးသည့် ၁၄ မိုင်ကွာဝေးသော ကျောက်ကြမ်းလမ်းအား ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တိုးပေးမည်ဆိုပါက ပြင်ဦးလွင်သို့သွားစရာမလိုဘဲ၊ မိုးကုတ်-နောင်ချို-လားရှိုး မော်တော်ကားလမ်းချိတ်ဆက်မိပြီး နယ်‌ြမေဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မန္တလေး-လားရှိုးလမ်းမပေါ်ရှိ အုမ္မသီးကျေးရွာမှ မိုင် ၂၀ ကွာဝေးသော ဟိုခိုကျေးရွာအထိ ကျန်ကျောက်ကြမ်းလမ်း ၁၄ မိုင်အား ရာသီမရွေးသွားလာနိုင်ရန်အတွက် ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ပေးနိုင်ပါသလား၊ အဆင့်မြှင့်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည်‌့ အချိန်တွင်လုပ်ငန်းစတင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။