(ဋ)-အစ္စလာမ်ဘာသာဝင်များအတွက် ဗလီဝတ်ပြုကျောင်းအများစု ပြင်ဆင်ခွင့်နှင့် အသစ်ဆောက်လုပ်ခွင့် နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄()တွင် ဘာသာ၊ သာသနာရေး နဲ့ပတ်သက်၍ လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ပြည်ထောင်စုဖွားဒေသခံမဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းခန့်ဖြစ်သော အစ္စလမ်ဘာသာဝင် ကိုးကွယ်ဝတ်ပြုရာ ရပ်ကွက်၊ ကျေးရွာများရှိ ဗလီဝတ်ပြုကျောင်းများ ဟောင်းနွမ်းပျက်ဆီးနေ သော်လည်း သက်ဆိုင်ရာဒေသ အာဏာပိုင်များက ပြင်ဆင်ခွင့်အသစ် ပြန်လည်ဆောက်လုပ်ခွင့် မပြုသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဝတ်ပြုရန်အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူများရဲ့ဆန္ဒအရ နိုင်ငံတော်မှမည်ကဲ့သို့ ကူညီဆောင်ရွက် ပေးနိုင်မည်ကိုသိလိုပါ၍ မေးမြန်းရခြင်း ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုသည့် မေးခွန်းမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ပြည်ထောင်စုဖွားဒေသခံမဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းခန့်သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ပါသည်။ ထိုဒေသ၏ ရပ်ကွက်၊ကျေးရွာများရှိ ဗလီဝတ်ပြုကျောင်းများ အများစုမှာ ဟောင်းနွမ်းပျက်စီးနေပါသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြင်ဆင်ခွင့်နှင့် အသစ်ဆောက်လုပ်ခွင့်မပြုသည့်အတွက် အခက်အခဲနှင့်ကြုံတွေ့နေရသဖြင့်  နိုင်ငံတော်က မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။