(စ)-ပညာရေးကဏ္ဍ ဘဏ္ဍာငွေအသုံးစရိတ်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

()မေးခွန်းက ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း ခွဲဝေချထားမှုများနှင့်ပတ်သက်၍ လွန်ခဲ့သောငါးနှစ် အတွင်း အသုံးပြုခဲ့သော ဘဏ္ဍာငွေများအနက်မှ ပညာရေးကဏ္ဍအတွက် မည်သို့မည်ပုံခွဲဝေသုံးစွဲ သည်ကို ရှင်းလင်း ဖြေကြားပေးစေလိုပါတယ်။ ထို့အပြင်ယခုလက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ  ပညာရေးကဏ္ဍ ဘဏ္ဍာငွေအသုံးစရိတ်သည် အစိုးရအဖွဲ့ တစ်ခုလုံး၏ အသုံးစရိတ်အချိုးအစား Percentage of government  expenditure အရ မည်မျှ ရှိသည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။