(က)နိုင်ငံခြားငွေလဲလှယ်မှုနှင့်ပင်လယ်ရေကြောင်းအကောက်ခွန်ဥပဒေနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

၁၉၆၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နေ့အထိစီစဉ်ထားသော ၁၈၇၈ ခုနှစ်၊ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ အခန်း()အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းသို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့မှ ဝင်ရောက်လာသူများအနေဖြင့် ငွေအကြွေတု သို့မဟုတ် စံချိန်မမီသည့် လက်ရှိအသုံးပြုနေတဲ့ငွေအကြွေ များကိုယူဆောင်ခွင့်မပြုရန် ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်ခင်ဗျား။ အချိန်ကို ငဲ့ညှာသောအားဖြင့် အခြားကုန်ပစ္စည်းများလည်း ရှိပါသေးကြောင်းတင်ပြအပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ အလားတူ ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားသုံးငွေလဲလှယ်မှုစည်းမျဉ်းဥပဒေပုဒ်မ နှင့် တို့အရ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်မှ နိုင်ငံသားများဟာ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်မရရှိကြောင်း တွေ့ရှိရပါတယ်ခင်ဗျား။ သို့ရာတွင် ပုဒ်မ အရ အကောက်ခွန်ဦးစီးဌာနမှ နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာ နိုင်ငံရပ်ခြားသို့သွားလိုပါက ယူဆောင်လိုလျှင် သက်ဆိုင်ရာ ဘဏ်များ ဖြစ်တဲ့ MFTB ဘဏ်၊ MICB ဘဏ်၊ MEB ဘဏ်များမှ နိုင်ငံခြားတင်ပို့ငွေ MD ရရှိကြောင်း သက်ဆိုင်ရာဘဏ်များရဲ့ ထောက်ခံချက်ရရှိမှသာ ဤဒေါ်လာဟာ တရားဝင်ငွေကြေးဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျား။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ကုန်သွယ်မှုမူဝါဒကောင်စီအစည်း အဝေး(၁၃/၉၈)အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ပြည်ပသို့အလုပ်အကိုင် သွားရောက် လုပ်ကိုင်သူ  သို့မဟုတ် Show Job တစ်ဦးအတွက် FEC ၁၀၀ကို အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ခွင့် ပြုရန် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ခရီးသွားခြင်းအတွက် ၎င်း၏နိုင်ငံခြားငွေစာရင်းမှ ကန့်သတ်ချက် မထားဘဲထုတ်ယူခွင့်ပြုရန် သို့ရာတွင် ငွေပမာဏကြီးမားပါက အထက်ပါအဖွဲ့အစည်း ၏ခွင့်ပြုချက် ရယူမှသာ ထုတ်ယူခွင့်ပြုရန်ဟု ဆုံးဖြတ်ညွှန်ကြားထားပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီး ခင်ဗျား။ လက်တွေ့ဆောင်ရွက်ရာတွင် မည်သူမှဘဏ်များသို့သွားရောက်၍ FEC ၁၀၀ အား အမေရိကန်ဒေါ်လာဖြင့် လဲလှယ်ခြင်းမပြုကြပါ။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ပတ်ဝန်းကျင်နိုင်ငံများ အားလုံးမှာလည်း မြန်မာပြည်မှအလုပ်ဖြင့် လာရောက်သူများကို အမေရိကန်ဒေါ်လာ ၅၀၀ အနည်းဆုံးပါရှိမှသာ သူတို့နိုင်ငံကို ဝင်ခွင့်ပြုတယ်လို့ကန့်သတ်ထားပါတယ်ခင်ဗျား။ ဒါကြောင့်မိုလို့ အလုပ်သမားများရဲ့ လိုအပ်ချက်ငွေများကို အခြားနည်းလမ်းများဖြင့် ယူဆောင်သွားနေရပါတယ်။ အကောက်ခွန်ဝန်ထမ်းများက ပြည်သူများအဆင်ပြေစေရေး နားလည်မှုဖြင့် ခွင့်ပြုပေးနေသည် ဆိုသော်လည်း ဥပဒေနှင့်မညီညွတ်ပါ။ FEC ၁၀၀နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာဖြင့်လည်း နိုင်ငံခြားတိုင်းပြည်သို့ သွားရောက်၍မရနိုင်ပါ။ အလားတူ ခေတ်နှင့်မလျော်ညီတော့သည် ဥပဒေများ၊ စည်းမျဉ်းများသည် မလိုလားအပ်သည့်နှောင့့််နှေးကြန့်ကြာမှုနှင့် ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသဖြင့် တည်ဆဲနိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေ၊ နည်းဥပဒေ များနှင့် ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေများအား ခေတ်ကာလနှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရန် ရှိ၊ မရှိ သိလိုခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။