(ဆ)-ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တာဝန်ပေးအပ်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်တစ်ခုတည်းသာ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်၏ သဘောထားရယူခဲ့ခြင်း မရှိသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် သိပါသလား။ သိပါက အဘယ့်ကြောင့် လွှတ်တော်ကိုယ်စားလှယ်၏ သဘောထားကို ရယူခဲ့ခြင်းမရှိပါသနည်း။ ထိုသို့ တာဝန်ပေးအပ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစုမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၈၉ ပါ အများကြည်ညိုလေးစားပြီး အကျင့်၊ သိက္ခာ၊ သမာဓိရှိသူဆိုသည်နှင့် ဆန့်ကျင်နေသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် သိပါသလား။ သိပါက အဘယ်ကြောင့်ယခုကဲ့သို့ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်ကိုသိလိုကြောင်း မေးမြန်းပါသည်။