(င)-နိုင်ငံခြားသင်္ဘောသားများ မော်တော်ကားတင်သွင်းခွင့်ပါမစ်နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
နိုင်ငံခြားသင်္ဘောသားများသည် မော်တော်ကားတင်သွင်းခွင့်ပါမစ်ရရှိခဲ့ပြီး၊ ၎င်းတို့ရရှိသော လစာမှ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့အခွန်ငွေအဖြစ်ဒေါ်လာဖြင့် အပြည့်အဝပေးသွင်းခဲ့ရ သော်လည်း မော်တော်ကားတင်သွင်းခွင့်ပါမစ်လုံးဝမရရှိခဲ့တော့ပါ။ ပြည်ထောင်စုအစိုးရအနေဖြင့် သိပါသလား။ သိပါက အဘယ်ကြောင့် နိုင်ငံခြားသင်္ဘောသားများအဖြစ်လုပ်ကိုင်နေသော အလုပ်သမားများကို အဘယ်ကြောင့်ပိတ်ပင်ထားခဲ့ပါသနည်း။ မသိပါက စိစစ်ပြီးယခင်ခံစားမှုအတိုင်း ရရှိခံစားနိုင်ရေးအတွက် မည်သို့ဆောင်ရွက်ပေးပါမည်ကို မေးမြန်းပါသည်။