(စ)-သင်္ဃန်းကျွန်းမြို့နယ်ရှိအစ္စလာမ်ဘာသာဝင်များအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ခြင်း၊ သန်းခေါင်စာရင်းပြောင်းရွှေ့ခြင်း၊ မွေးစာရင်းတိုးခြင်းတို့ပြုလုပ်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ အကြောင်းအမျိုးမျိုးပြလျက် အချိန်ကြာမြင့်စွာဆိုင်းငံ့ထားသည်ကို ပြည်ထောင်စု အစိုးရက သိပါသလား။ သိပါကအဘယ်ကြောင့် နှစ်နှင့်ချီ၍ဆိုင်းငံ့ထားရပါသနည်း။ မသိပါက အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါခြင်း ရှိ/မရှိကို မေးမြန်းပါသည်။