(ဃ)-အထက်တန်းကျောင်းအုပ်ကြီးများကို ပြန်တမ်းဝင်လစာပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

မေးခွန်းနံပါတ်(၃)အထက်တန်းကျောင်းအုပ်ကြီး များအား ခန့်အပ်ရာတွင် အခြားဌာနများကဲ့သို့ ပြန်တမ်းဝင်ခန့်အပ်သည့်နေ့မှစ၍ ပြန်တမ်းဝင်လစာ ချက်ချင်းမရရှိဘဲ အတည်ပြုသည့်နေ့မှသာ ပြန်တမ်းဝင်လစာစတင်ရရှိကြောင်း သိရှိရပါသဖြင့် မှန်ကန်မှု ရှိ၊ မရှိနဲ့ မှန်ကန်ပါက နောင်တွင် ရာထူးခန့်ထားသည့်နေ့မှစ၍ ပြန်တမ်းဝင်လစာ ပေးနိုင်ရန် ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။