(ခ)-ငဝန်တာနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ငဝန်ရေကာတာ ဟာ လေးမျက်နှာမြို့နယ်အတွင်းမိုင်တိုင်၁၉/ မှ ၃၉/ အထိ၊ ၁၉မိုင်၇ဖာလုံ ဖြတ်သန်းကာရံထားပါ တယ်။ ၎င်းတာကို မှီခိုနေရသော ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၂၆ အုပ်စုရှိပြီး အိမ်ခြေ ၁၀၃၈၇၊ အိမ်ထောင်စု ၁၀၅၉၈ စုနဲ့ လူဦးရေ ၄၆၀၆၉ ယောက်နေထိုင်ကြပါတယ်။ ၎င်းတို့လုပ်ကိုင် စားသောက်သောလယ်မြေနဲ့ အိုးအိမ်ခြံမြေဧကမှာ ၄၁၄၆၂ ဧကရှိပါတယ်။ ဒီနှစ် ငဝန်မြစ်ရေကြီးမှု အရ မိုင်တိုင် ၂၀/ဝမှ ၂၁ အထိ ပေခန့်နိမ့်ကျသွားပါတယ်။ မိုင်တိုင် ၂၂ မှ ၂၃ အထိ ပေခန့် နိမ့်ကျသွားပါတယ်။ နောင်နှစ် မြေထပ်မတင်ရင် ရေကျော်မယ့်အခြေအနေတွင်ရှိနေပါတယ်။ မိုင်တိုင် ၃၈ နဲ့ ၃၉ ကြားဟာ ၂၀၁၀ ခုနှစ်က စက်ဖြင့်ဖို့ထားတဲ့တာဖြစ်ပါတယ်။ ရေကြည်မြို့နယ်နဲ့ ဆက်စပ် နေပါတယ်။ ၎င်းတာအမြင့်ဟာ ဒီနှစ် ငဝန်မြစ်ရေကြီးမှုနဲ့တန်းတူဖြစ်နေတဲ့အတွက် သဲအိတ်များ ပေ ထပ်မြှင့်တင်ထားရပါတယ်။ နှစ်စဉ် ငဝန်မြစ်ရေကြီးပြီဆိုရင် တာအတွင်းနေပြည်သူများစိုးရိမ်ပူပန်မှု ဖြစ်ပွားနေရပါတယ်။ ငဝန်မြစ်ရိုးတစ်လျှောက် ရေကင်း ၄၀ ချထားရပြီး တစ်ကင်းမှာအရပ်သား ဦး နဲ့ တပ်မတော်သား ဦးစီချထားရပါတယ်။ သို့ပါ၍ ငဝန်ရေကာတာခိုင်မာတောင့်တင်းရေးကို မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။