(င)-ကော့သလိုင်တာတွင် ရေထိန်းတံခါးတပ်ဆင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ကျုံပျော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စုအတွင်းရှိ ကော့ကလန်ရေကာတာဟာ ကျုံပျော်မြို့နယ်နဲ့ ပန်းတနော်မြို့နယ်မှ လယ်သမားများရဲ့ စုပေါင်းလုပ်အားနဲ့ ၁၉၉၄ ခုနှစ်၊ နွေရာသီမှာတည်ဆောက် ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းရေကာတာဟာ နတ်ချောင်းပေါက်မှ ပန်းတနော်မြို့နယ်၊ ဘုရားကန်ကျေးရွာ အထိအရှည်လေးမိုင်ခန့်နှင့် ထုအကျယ်ပေ ၄၀ ခန့်၊ အမြင့်ရှစ်ပေခန့်ရှိတဲ့ ရေကာတာဖြစ်ပါတယ်။ တည်ဆောက်ခဲ့ကြခြင်းရဲ့ရည်ရွယ်ချက်ကတော့ ကျုံပျော်မြို့နယ်နဲ့ ပန်းတနော်မြို့နယ် နွေစပါးနဲ့ သီးထပ် စပါးများအောင်မြင်ရရှိရန်ဖြစ်ပါတယ်။ ရေကာတာတည်ဆောက်ပြီးတဲ့နောက် ပန်းတနော်ဆည်မြောင်း ဌာနမှ ရေထိန်းတံခါးကြီးတစ်ခုတည်ဆောက်ပေးခဲ့လို့ ၎င်းရေကိုထိန်းကျောင်းပြီး မိုင်းစက္ကူ၊ ကျုံဓနီး၊ အိတ်ကတွတ်၊ ဘောဆို့၊ ဓနော်၊ ဆင်ကျောင်း၊ ဒနိမ်း၊ ဆင်မြူးကုန်း၊ သစ်ဖြူကွင်း၊ ကွင်းယားကွင်းခြောက်၊ အိုင်ကြီး၊ ကျွဲသလင်းစတဲ့ ကျေးရွာအုပ်စုများမှ နွေစပါး၊ သီးထပ် စပါးများအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ နွေရာသီကလည်း အဆိုပါ ကျေးရွာအုပ်စု ၁၃ စုမှ နွေစပါးဧကပေါင်း ၆၈၃၁ ဧကဖြစ်ထွန်းအောင်မြင်ခဲ့ပါတယ်။ ရေတံခါး () နဲ့ရေတံခါး()ကိုအသုံးပြုပြီး ပန်းတနော်မြို့နယ်ဘက်မှ ကျေးရွာအုပ်စုများမှလည်း နွေစပါးနဲ့ သီးထပ် စပါးများအတွက် အောင်ရေရရှိခဲ့ကြလို့ အဆင်ပြေကြရပါတယ်။ ၎င်းအပြင် မိုင်းစက္ကူ၊ ကျုံဓနီး၊ ဘောဆို့၊ ဓနော်၊ ဆင်ခေါင်းစတဲ့ကျေးရွာသားများဟာ ၎င်းရေကာတာကိုဖြတ်သန်းပြီး ပန်းတနော်ပိုင် အင်းမကျေးရွာမှတစ်ဆင့် ပုသိမ်၊ ရန်ကုန်မြို့များသို့ အချိန်တိုတောင်းစွာသွားလာနိုင်ခဲ့ကြလို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ပါ အထောက်အကူပြုလျက်ရှိပါတယ်။ သို့သော် ရေကာတာ တည်ဆောက်ပြီးတဲ့နောက်နှစ်ပိုင်း သုံးနှစ်၊ လေးနှစ်လျှင်တစ်ကြိမ်ခန့် ကျုံပျော်မြို့နယ်အတွင်းမှာရှိတဲ့ မိုးစပါးစိုက်ကွင်းများ ရေနစ်မြုပ်မှုဖြစ်စဉ်များနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ယခုနှစ်တွင် လည်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ် မိုးစပါးစိုက်ဧကပေါင်း၂၉၃၈၀ ရှိတဲ့အနက် လယ်ဧကပေါင်း ၁၀၀၀၀ ကျော် ရေနစ်မြုပ်ခံခဲ့ရပါတယ်။ ကော့ကလန်ရေကာတာအတွင်းကို အမြင့်ပိုင်းဒေသများဖြစ်တဲ့ ဟင်္သာတ မြို့နယ်၊ ဇလွန်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ကျုံပျော်မြို့နယ်များမှ ရေများစီးဝင်ခံရပြီး ရေထွက်ပေါက်မှာ ကျုံပျော်မြို့နယ် ဘုရားကန်တစ်ခုတည်းသာရှိတာကိုတွေ့ရှိရပါတယ်။ သို့အတွက်ကြောင့် ရေဝင် အားနဲ့ ရေထွက်အားမမျှတကြောင်း လေ့လာတွေ့ရှိရပါတယ်။ လာမည့်နှစ်များတွင်လည်း စိုက်ဧကများ နစ်မြုပ်မှုဖြစ်လာမည်ကို လယ်သမားများစိုးရိမ်နေကြပါတယ်။ ကျုံပျော်မြို့နယ်မှ လယ်သမားများ အနေဖြင့် မိုးစပါးစိုက်ကွင်းများပျက်စီးမှုမရှိလောက်သော ရေပမာဏအားသင့်တော်တဲ့ ရေပိုလွှဲ တပ်ဆင်ပြီး ထိန်းကျောင်းလွှတ်ပေးခြင်းအားဖြင့် ကျုံပျော်မြို့နယ်ရဲ့ မိုးစပါးစိုက်ခင်းများနစ်မြုပ်မှုမှ ကာကွယ်နိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။ ကျွန်တော်မေးမြန်းလိုတဲ့ဲ့အချက်ကတော့ () ကော့ကလန်ရေကာတာတွင် ရေပိုလွှဲတစ်ခုတပ်ဆင်ပေးနိုင်မည် အစီအစဉ် ရှိ၊ မရှိနှင့် () မိုးစပါး စိုက်ကွင်းများ လာမည့်နှစ်များတွင် ရေနစ်မြုပ်မှုမရှိရလေအောင် အခြားသောနည်းလမ်းများဖြင့် မည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။