(ခ)-မင်္ဂလာဒုံမြို့နယ်ဆေးရုံအား အဆင့်မြှင့်ပေးနိုင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊မင်္ဂလာဒုံမြို့နယ်များတွင် နေထိုင်သောလူနာများ အချိန်တိုအတွင်း သွားရောက်ကုသ မှုလွယ်ကူစေရန် အားကိုးအားထားပြုရမည့် မင်္ဂလာဒုံမြို့နယ် မြို့နယ်ဆေးရုံအား မြောက်ဥက္ကလာပ ဆေးရုံကြီးနှင့် အင်းစိန်မြို့နယ်ဆေးရုံကြီးကဲ့သို့ အဆင့်မြှင့် ဆောင်ရွက်ပေးမည်ဆိုပါက လျော်ကန် သင့်မြတ်လှပါတယ်။ သို့ဖြစ်ပါ၍ မင်္ဂလာဒုံမြို့နယ်ဆေးရုံကြီးအား အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်မှု အစီအစဉ်ရှိ၊မရှိ သိလိုပါသဖြင့် ပြန်လည်ဖြေကြားပေးပါရန် ပြန်လည်ဖြေကြားပါသည်။