(ဇ)-အလုပ်မရသေးသူ ဆရာဝန်များနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ နှစ်စဉ်မွေးထုတ်ပေးခဲ့၍ ဆရာဝန်လက်မှတ် ရရှိပြီးသူဆရာဝန်အများအပြားမှာ နိုင်ငံတော်က လက်ထောက်ဆရာဝန်များအဖြစ် လုံလောက်သော အရေအတွက် ခန့်ထားတာဝန်ပေးအပ်နိုင်မှုမရှိ၍ အချို့ဆရာဝန်များမှာ ဆရာဝန်ပညာနှင့်မသက် ဆိုင်သည့် လုပ်ငန်းများလုပ်ဆောင်နေကြရပါသည်။ ဤအခြေအနေများကြောင့်သက်ဆိုင်ရာ ဆရာဝန် များ၊ ၎င်းတို့၏မိသားစုများသာမက နိုင်ငံတော်အတွက်ပါများစွာနစ်နာလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အလုပ်မရရှိသေးသူ ဆရာဝန်များအတွက် နိုင်ငံတော်အနေနဲ့မည်သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။