(င)-ရေဦး-တန့်ဆည်-ကလေးဝလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ရေဦး၊ တန့်ဆည်၊ ကလေးဝမြို့နယ်များကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရေဦး-တန့်ဆည်-ကလေးဝလမ်းဟာ ၁၀၅ မိုင်  ဖာလုံရှည်ပြီး ၁၉၆၂-၁၉၆၃ မှစ၍ စတင်ဖောက်လုပ်ပြီး ၁၉၆၈-၁၉၆၉ ခုနှစ်များမှာ ရာသီမရွေး သွားလာနိုင်တဲ့လမ်းအဖြစ် ပြီးစီးခဲ့ပါတယ်။ တစ်ချိန်က အိန္ဒိယနယ်စပ်နှင့် ကူးသန်းရောင်းဝယ်ရေး အတွက် အဓိကလမ်းမကြီးဖြစ်ခဲ့ပါတယ်။ ရေဦး-တန့်ဆည်-ကလေးဝလမ်းမကြီးပေါ် မိုင်တိုင် ၈၂၊ သက္ကယ်ကျင်းရွာမှ သက္ကယ်ကျင်း-ဖောင်းပြင်၊ ဟုမ္မလင်း-ခန္တီး မဟာဗျူဟာခွဲထွက်လမ်းမကြီးလည်းရှိ ပါတယ်။ ယခုအချိန်မှာတော့ ၎င်းလမ်းများဟာ ယိုယွင်းပျက်စီးနေပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရေဦး-တန့်ဆည်-ကလေးဝလမ်းမ ကြီး ယခုထက်ပိုမိုကောင်းမွန်ပြီး ရာသီမရွေးသွားလာနိုင်အောင် ပြင်ဆင်ပေးဖို့ ဒေသခံပြည်သူများမှ မျှော်လင့်နေကြပါတယ်။ သို့ပါ၍ ၎င်းလမ်းပိုင်းအား ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။၏