(ဌ)-၂၀၁၃ခုနှစ်၊ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

၂၀၁၃ ခုနှစ်မှာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၆၁ ခုနှစ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာမှာ ဆုတံဆိပ်ပေါင်း ၁၀၄ ခုနှင့် နိုင်ငံအလိုက် ပထမရရှိ ခဲ့ပါတယ်။  ၁၉၆၉ ခုနှစ် ပြိုင်ပွဲမှာလည်း ဆုတံဆိပ်ပေါင်း ၁၄၉ ခုနဲ့ နိုင်ငံအလိုက် ပထမ ရရှိခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ၂၀၁၃ ခုနှစ်၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်စေမည့် အားကစားနည်းများကို အတွေ့အကြုံရင့်ကျက်သော နိုင်ငံတကာမှ နည်းပြ ဆရာများ ငှားရမ်းလေ့ကျင့်ပေးပါရန်နှင့် လက်ရည်စမ်းပွဲများ၊ ခြေစမ်းပွဲများကို နိုင်ငံခြားမှ ကစားသမားများ၊ အသင်းများနှင့်ပြုလုပ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။