(ဇ)-ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးနှင့် ပျော်ဘွယ်-နတ်မောက်လမ်းဆုံတွင် အဝေးပြေးလမ်းသို့ ဆက်သွယ်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ပျော်ဘွယ်မြို့အနောက်ဘက် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးနှင့် ပျော်ဘွယ်-နတ်မောက်- မကွေးလမ်းဆုံရာတွင် အဝေးပြေးလမ်းမကြီးပေါ်သို့ သွားလို့မရအောင် ပိတ်ဆို့ထားတာရှိပါတယ် ခင်ဗျား။ ယင်းလမ်းဆုံမှ ရန်ကုန်သို့ ၂၆၂ မိုင်ကွာဝေးပါတယ်ခင်ဗျား။ ပျော်ဘွယ်မှ အဝေးပြေးလမ်းဆုံ သို့ ၁၇ မိုင် စုစုပေါင်း ၂၇၉ မိုင်သာရှိပါတယ်ခင်ဗျား။ ရန်ကုန်သို့ ပျော်ဘွယ်ကနေသွားမယ်ဆိုရင် ၃၄ မိုင်သက်သာပါတယ်ခင်ဗျား။ ယခင်က ရန်ကုန်-ပျော်ဘွယ် မူလလမ်းဟောင်းဟာ ၃၁၃ မိုင် ကွာဝေးပါတယ်ခင်ဗျား။ ယင်းလမ်းကို ရှမ်းပြည်မှလာတဲ့ကားများ ပျော်ဘွယ်လမ်းဆုံမှတစ်ဆင့် အသုံးပြုနိုင်တဲ့အတွက် ခရီးတိုသွားမယ်ဖြစ်ပြီးတော့ အသုံးပြုတဲ့ယာဉ်တွေများလာရင် ခရီးမိုင်လျော့ တဲ့အတွက် နိုင်ငံတော်အတွက် စက်သုံးဆီကုန်ကျမှုတော်တော်များများသက်သာသွားမှာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ရည်ရွယ်ချက်ကိုလည်း အထောက်အကူပြုမှာဖြစ်ပါ တယ်။ အခြားမြို့များတွင် အဝေးပြေးလမ်းမကြီးနှင့်ဆုံသောနေရာတွင် ဆက်သွယ်ပေးထားခြင်းများ လည်းရှိသည်ဟုသိရပါတယ်ခင်ဗျား။ သို့ဖြစ်ပါ၍ ပျော်ဘွယ်မြို့အနောက်ဘက် အဝေးပြေးလမ်းမကြီး ရဲ့ မိုင်တိုင်အမှတ် ၂၆၂ နှင့် ပျော်ဘွယ်-နတ်မောက်-မကွေးလမ်းသို့ ဆက်သွယ်ပေးနိုင်ရန် တင်ပြအပ် ပါတယ်ခင်ဗျား။ သို့သော်လည်းပဲ ယခု ကျွန်တော်မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်လို့ ယခုအခါမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီလို့သိရတဲ့အတွက် ပြည်သူလူထုကိုယ်စား အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။ သို့သော်လည်းပဲ ယခင်ကလမ်းမကြီးနဲ့ ဆက်သွယ်ထားတဲ့လမ်းဟောင်း ရှိပါတယ်ခင်ဗျား။ အဲဒီလမ်းဟောင်းက ကောင်းလည်းကောင်းပါတယ်ခင်ဗျား။ ယခုအချိန်မှာ ကျောက်ငုပ်များစိုက်ပြီးတော့ ပိတ်ထားတာရှိပါသေးတယ်ခင်ဗျား။ လူစီးကားငယ်များ၊ လူစီးမှန်လုံယာဉ် များသာသွားမှာဖြစ်လို့ လမ်းပျက်ဖို့လည်းမရှိနိုင်ပါဘူးခင်ဗျား။ သို့ဖြစ်ပါ၍ လမ်းသစ်ဆောင်ရွက်ဆဲ ကာလမှာ နှစ်လခန့်ကြာမြင့်မည်ဟုသိရပါတယ်ခင်ဗျား။ အဲ့ဒါကြောင့် ယခင်ကရှိဆဲလမ်းက နေပြီးတော့ လူစီးကားများ၊ မှန်လုံယာဉ်များတက်ရောက်ခွင့်အမြန်ရရှိရေးအတွက် ယာယီဆောင်ရွက် ပေးရန် မေးမြန်းပါသည်။