(ဆ)-ဘွဲ့ရအထွေထွေလုပ်သားများ ရာထူးတိုးမြှင့်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
အခြေခံပညာအောက်မှာရှိတဲ့ အ.မ.က ကျောင်း များမှာ ဘွဲ့ရအထွေထွေလုပ်သားများရှိပါတယ်။ အထွေထွေလုပ်သားတွေအား မူလတန်းပြအဖြစ် ရာထူးတိုးမြှင့်ပေးရေးကိစ္စမှာ ဆရာအတတ်သင်ပညာကျွမ်းကျင်မှု ဒီပလိုမာသင်တန်းတက်ပြီးမှ ရာထူး တိုးရတာ ဖြစ်ပါတယ်။ အဲဒီလိုရာထူးတိုးတဲ့နေရာမှာလည်းပဲ အသက်ကန့်သတ်ချက်အနေနဲ့ အသက် ၂၅ နှစ်ဆိုပြီးတော့ ကန့်သတ်ထားပါတယ်။ အသက် ၂၅ နှစ်အထိပဲ ကန့်သတ်ထားတဲ့အတွက် သင်တန်းတက်ရောက်ရေးကိစ္စမှာ အခွင့်အလမ်းအတော်နည်းပါးကြောင်း တွေ့ရှိရပါတယ်။ ဒီဘွဲ့ရ အထွေထွေလုပ်သားတွေဟာ ဒီရာထူးတိုးမြှင့်ပေးရေးကိစ္စမှာ တစ်ဌာနအတွင်းဝန်ထမ်းဖြစ်တာကို လည်း တွေ့ရှိရပါတယ်။ နောက် ကျွန်တော်တို့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ဒီရာထူး ခေါ်တဲ့နေရာမှာလည်း ဝန်ထမ်းဆိုလို့ရှိရင် အသက်ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အထွေထွေလုပ်သားတွေ ဒီအခွင့်အလမ်းရရှိရေးအတွက်ကို အသက်ကန့်သတ်ချက် ၂၅ နှစ်ဆိုတာကို လျှော့ပေါ့ပြီးတော့ စဉ်းစားပေးနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းပါသည်။