(က)-CDMA သို့မဟုတ် GSM ဖုန်းများချထားပေးရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-22

မိုင်းကိုင်မြို့နယ်မှာ လူဦးရေ ၁ သိန်းခန့်နေထိုင်လျက်ရှိပြီး စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးစနစ် အလွန်နိမ့်ကျသော မြို့တစ်မြို့ဖြစ်ပါတယ်။ မြို့တွင်းမှာ လက်လှည့်ဖုန်းများ အသုံးပြုရပြီး တခြားမြို့များနှင့် ဆက်သွယ်လို ပါက မြို့တွင်းရှိဖုန်းဆိုင်များမှ အခကြေးငွေပေးဆောင်ရ၍ ဆက်သွယ်ရပါတယ်။ တိုင်းဒေသကြီးနှင့် အခြားပြည်နယ်ရှိမြို့များ ရောင်းဝယ်ဖောက်ကားမှု လွယ်ကူမြန်ဆန်စေရန် နိုင်ငံတော်မှ CDMA နှင့် GSM ဖုန်းများ တိုးချဲ့တပ်ဆင်ပေးတဲ့စီမံကိန်း ပထမနှစ်မှာ လိုင်းပေါင်း လေးသန်းကျော်ရှိတယ်လို့ သိရှိရပါတယ်။ မိုင်းကိုင်မြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိပြီးတော့ ဝေးလံခေါင်သီတဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် ခေတ်မီတဲ့ဆက်သွယ်ရေးစနစ်ရှိမှသာလျှင် ပြည်သူများအဆင်ပြေမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ မိုင်းကိုင်မြို့နယ်နဲ့ အခြားပတ်ဝန်းကျင်ရှိ မြို့နယ်များ CDMA သို့မဟုတ်  GSMဖုန်းများ တိုးချဲ့တပ်ဆင်ပေးခြင်း အစီအစဉ် ရှိ၊ မရှိ ။ အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် တိုးချဲ့တပ်ဆင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။