(စ)-ကျေးလက်ဒေသမီးလင်းရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ်ရှိ ပရွတ်ကျေးရွာ၊ လမုကျေးရွာ၊ ‌စန္ဒယော်ကျေးရွာ၊ မငေးစုကျေးရွာ၊ မရွှေဥကျေးရွာ၊ ရေစိုကျေးရွာ၊ ပန်းတိုင်ကျေးရွာ၊ ထိန်နှစ်ပင်ကျေးရွာ၊ ဒိတ်ကုန်းကျေးရွာ၊ လမုတန်းကျေးရွာတို့မှာ လှိုင်သာယာနှင့် ညောင်တုန်းသို့ သွယ်တန်းထားသော ၃၃ ကေဗွီ၊ ၁၁ ကေဗွီ လျှပ်စစ်မီးကြိုးအောက်တွင်တည်ရှိ‌နေကြပါတယ်။ အဆိုပါရွာများသည် လျှပ်စစ်မီးလင်းရေးကို မျှော်လင့်တောင့်တလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ကျေးလက်ဒေသလျှပ်စစ်မီးလင်းရေးအတွက် ထန်း‌တပင်မြို့နယ်အတွင်းရှိအဆိုပါကျေးရွာ ၁ဝ ရွာ အား ကျေးလက်ဒေသမီးလင်းရေး အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်။ ဆောင်ရွက်ရန်အစီအစဉ်ရှိပါက မည့်သည်အချိန်ဆောင်ရွက်ပေးမည်နည်းကို သိလိုကြောင်း မေးမြန်းပါသည်။