(က)-လျှပ်စစ်မီတာ တပ်ဆင်ခွင့်ရရှိရေးနှင့် လူနေမှုစနစ်မြင့်မားစေရေး မည်သို့ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်တွင် အစိုးရသစ်ပေါ်ထွန်းပြီးနောက် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ဆောင်ရွက်ပေးမှုကြောင့် မြို့နယ်အများစုတွင် Transformerအသစ်များ တပ်ဆင်ပေးခြင်း၊ မီးတိုင်များ သွယ်တန်းပေးခြင်း၊ ရိုးရိုးမီတာနှင့် ပါဝါမီတာများ အချိန်တိုအတွင်း တပ်ဆင်ဆောင်ရွက်ပေးခြင်းတို့ကို တွေ့ရှိရပြီး လျှပ်စစ်စွမ်းအား အပြည့်အဝရရှိရေး ဆောင်ရွက်နေမှု အောင်မြင်ပြီးမြောက်ပါက နိုင်ငံ အဝန်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဝေသုံးစွဲခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ သို့ရာတွင် ပြည်သူ လူထုအချို့မှာ မူလ လျှပ်စစ်သုံးစွဲခြင်းမပြုရာမှ တိုးတက်ပြောင်းလဲလာသော အခြေအနေများအရ လျှပ်စစ်မီတာတပ်ဆင်ခွင့် ရရှိရေးဆောင်ရွက်ရာတွင် ကိုယ်ထူကိုယ်ထစနစ်မှ ဝန်ကြီးဌာနသို့ မလွှဲ ပြောင်းရသေးသော အခြေအနေကြောင့် တပ်ဆင်ခွင့်မရဘဲ စောင့်ဆိုင်းနေကြရသည်မှာ တစ်နှစ်ခန့် ကြာလာပြီဖြစ်ကြောင်း သိရှိရပါတယ်။ သို့ပါ၍ ကိုယ်ထူကိုယ်ထဖြစ်ပေါ်နေသော အခြေအနေများကို တာဝန်ရှိသူများမှ သိရှိခြင်းရှိ၊ မရှိနှင့် သိရှိခြင်းရှိပါက ပြည်သူများ၏ဆန္ဒ အမြန်ဆုံးပြည့်ဝ၍ လူနေမှု စနစ် မြင့်မားစေရေးအတွက် မည်သို့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။