(စ)-မိုင်းဆတ်မြို့ဆေးရုံနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

          မိုင်းဆတ်မြို့နယ်အတွင်း၌ လူဦးရေ ၈၀၀၀၀ ကျော် ရှိပြီး ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံရှိပါတယ်။ မိုင်းဆတ်မြို့နယ်အတွင်း ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦးသာရှိပြီး မြို့နယ်ရှိ လူဦးရေနှင့် ဆေးကုသမှု လုံလောက်ခြင်းမရှိပါ။ ကျန်းမာရေးဦးစီးဌာနတွင် ခွင့်ပြုဝန်ထမ်း ၈၀ ဦး၊ ခန့်အပ်ဝန်ထမ်း  ၂၈ ဦးသာရှိပြီး လစ်လပ်ဝန်ထမ်း ၅၂ နေရာကျန်ရှိနေပါသေးတယ်။ မြို့နယ်အတွင်း အဓိက အရေးပါသော သမားတော်ဆရာဝန်ကြီးတစ်ဦး၊ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး၊ မေ့ဆေးအထူးကု ဆရာဝန်တစ်ဦး၊ လက်ထောက်ဆရာဝန်ငါးဦးနှင့် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး လိုအပ်နေပါ သေးကြောင်းနှင့် ဆရာဝန်များအားခန့်အပ်ပေးရန်အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။