(ဃ)-အိမ်မဲမြို့ဝင်တံတားနှင့်စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်ဟာ ယခင်က ရေလမ်းခရီးတစ်ခုကိုသာ အားပြုပြီးတော့သွား လာရပါတယ်။ အိမ်မဲ-ကျောင်းကုန်းလမ်း၊ အိမ်မဲ-ဒါးကလမ်းဖောက်လုပ်ပြီးတဲ့အခါမှာ ကားလမ်းများ လည်းထွက်ပေါက်ရရှိခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက် အိမ်မဲမြို့ဟာလည်းပဲ ဖွံ့ဖြိုးတဲ့အြခေအနေမျိုးသို့ ရောက်ရှိခဲ့ရပါတယ်။ ၁၉၆၄ ခုနှစ်မှာ အိမ်မဲ-ကျောင်းကုန်းလမ်း ခရီးမိုင် ၁၅ မိုင်ကို တပ်မတော်ကဦးဆောင်ပြီး ဒေသခံပြည်သူလုပ်အားနဲ့ ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် မှာ နိုင်ငံတော်လမ်းအဖြစ်သတ်မှတ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူခဲ့ပါတယ်။ အိမ်မဲ-ကျောင်းကုန်းချောင်းပေါ်ရှိ ၁၂၅ပေ၊ ၁၃ ပေ၊ ၂၁ ပေရှိ မြို့ဝင်တံတားတစ်စင်းလည်းပါဝင်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ မြို့ဝင်တံတားသံကူကွန်ကရစ်တံတားအစား သစ်သားတံတားကို ဆောက်လုပ်ခဲ့ ပါတယ်။ ကာလကြာမြင့်ပြီဖြစ်လို့ တံတားဟာ ဟောင်းနွမ်းဆွေးမြေ့ခိုင်ခံ့မှုမရှိတော့ပါဘူး။ အိမ်မဲ ပြည်သူလူထုများကလည်း သံကူကွန်ကရစ်တံတားတစ်ခု ပေါ်ပေါက်ရန်ဆန္ဒရှိပါတယ်။ သို့ဖြစ်ပါ၍ သံကူကွန်ကရစ်တံတားတစ်ခုဆောက် လုပ်ပေးပါရန်အတွက် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။