(စ)-မအူပင်-ရေလဲကလေး-ရွှေတောင်မော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
မော်လမြိုင်ကျွန်းမြို့နယ်ဟာ ရေပတ်လည်ဝိုင်းရံလျက်ရှိတဲ့မြို့ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်ကာလက လမ်းများဖောက်လုပ်ပြီးတဲ့အတွက် သွားလာရေးလွယ်ကူလျက်ရှိပါ တယ်။ ယခုတင်ပြမယ့် မအူပင်-ရေလဲကလေး-ရွှေတောင်ပေါ်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းဟာ ၄၃ မိုင်၊ ၅ ဖာလုံ ရှိပါတယ်။ ဒီလမ်းဟာ ကျောက်ခင်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် မြို့သူ၊မြို့သား များလည်း ဒီလမ်းကိုအားကိုးပြုပြီးတော့ ရန်ကုန်မြို့ကနေပြီးတော့ နိုင်ငံအနှံ့သွားလာလို့ရပြီဖြစ် ပါတယ်။ ယခု ကျွန်တော်တင်ပြလိုတာက အဲဒီလမ်းပိုင်းလေးဟာ ရာသီမရွေးသွားလာနိုင်တဲ့လမ်း အဖြစ် အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်မှုအစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။