(ည)-သစ်ရာမြိုင်ရပ်ကွက် အြခေခံပညာအလယ်တန်းကျောင်းမြေနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းမြေကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတင်ပြလိုပါတယ်။ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမြေဧရိယာဟာ ယခင်က ၅.၅၈ ဧက ရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က သဖန်းဆိပ်ဆည်ရေလှောင်တမံစီမံကိန်းကြောင့် ကျွန်းလှမြို့ဟာ ရွှေ့ပြောင်းလာခဲ့တဲ့အတွက် ကျောင်းမြေရဲ့အနောက်ဘက်ခြမ်း ၂.၀၇ ဧကကို လမ်းမြေအဖြစ်ပေးခဲ့ ရတာကြောင့် ကျောင်းမြေရဲ့ဧရိယာဟာ ၃.၆၁ ဧကသာကျန်ရှိပါတော့တယ်။ သို့ဖြစ်ပါ၍ ကျောင်း၏ တောင်ဘက်တွင် တစ်ဆက်တစ်စပ်တည်းရှိပြီး အသုံးပြုခြင်းမရှိတော့တဲ့ ယခင်သစ်ရာပင်ရဲစခန်း ဟောင်းမြေနေရာ ၂.၂ ဧကနဲ့ ကုန်သွယ်လယ်ယာမြေ ဝ.၃ဧကကို ကျောင်းဝင်းမြေအဖြစ် သတ်မှတ်ပေးနိုင်ပါရန်အခြေအနေ ရှိ၊ မရှိ၊ သိရှိလိုပါကြောင်း မေးမြန်းပါသည်။