(ဆ)-နောင်ချို-ပြင်ဦးလွင်လမ်း မိုင် ၃၀ အတွင်း ဂိတ်နှစ်ခုရှိနေခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ဟာ မိုင် ၃၀ ကျော်အကွာအဝေးရှိပြီး နောင်ချိုမြို့မှ ၁၈ မိုင်အကွာမှာ ဘန့်ဘွေးအေးရှားဝေါလ်ဂိတ်တည်ရှိပါတယ်။ ဘန့်ဘွေးအေးရှား ဝေါလ်ဂိတ်မှ ၁၂ မိုင်အကွာမှာ ပြင်ဦးလွင်အေးရှားဝေါလ်ဂိတ်တည်ရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင် ၃၀ အကွာအဝေးတွင် လမ်းအသုံးပြုခကောက်ခံရေးဂိတ်နှစ်ခုရှိနေခြင်းမှာ နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားမည်ဆိုပါက အသွားနှစ်ကြိမ် အပြန်နှစ်ကြိမ် လမ်းအသုံးပြုခ လေးကြိမ်ပေးဆောင်နေရခြင်းမှာ အများပြည်သူများအတွက် နစ်နာရပါတယ်။ သို့ဖြစ်ပါ၍ နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ မိုင် ၃၀ အကွာအဝေးအတွင်း မည်သို့သောအကြောင်းကြောင့် ဂိတ်နှစ်ခုဖွင့်စေခြင်းကို သိလိုကြောင်း မေးမြန်းပါသည်။